မနက်ခင်းတိုင်းမှာ ကော်ဖီသောက်သုံးလိုက်မှ စိတ်ကြည်လင် လန်းဆန်းတယ်ဆိုသူတွေအတွက် ကော်ဖီထက် ပိုမိုပြီး လန်းဆန်းတက်ကြွစေနိုင်တဲ့ အမူအကျင့်တွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ မနက်တိုင်းပြုလုပ်ပေးသင့်တဲ့ အမူအကျင့်တွေကို မျှဝေပေးလိုက်ပါတယ်။
(၁) စက်ကို အသုံးမပြုပါနဲ့
နှိုးစက်အသံ ဆူဆူညံညံနဲ့ မနက်ခင်းတွေမှာ ထရတာဟာ အင်မတန်မှ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ စက်မြည်သံဟာ စိတ်ဖိစီးမှုကို မြင့်တက်စေပြီး စိတ်ကို မကြည်မလင်ဖြစ်စေတာကြောင့် သင့်မနက်ခင်းတွေမှာ စိတ်ကြည်လင်နေစေဖို့ စက်တွေကို အသုံးမပြုသင့်ပါဘူး။
(၂) အိပ်ရာကနိုးနိုးချင်း Social Media တွေကို အသုံးမပြုပါနဲ့
အိပ်ရာကနေနိုးတာနဲ့ ဖုန်းကိုကောက်ကိုင်ပြီး Social Media တွေကို အသုံးမပြုသင့်သေးပါဘူး။ အိပ်ရာကနေထပြီး လန်းလန်းဆန်းဆန်းဖြစ်ပြီဆိုမှ အသုံးပြုပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ သင့်မနက်ခင်းကို Social Media တွေနဲ့စတင်ခြင်းဟာ ဦးနှောက်ကို လေးလံ ထိုင်းမှိုင်းစေနိုင်လို့ပဲ ဖြစ်ပါတယ်။
(၃) မနက်စာကို မဖြစ်မနေ စားသုံးပေးပါ
မနက်ခင်းမှာ အာဟာရ ပြည့်ဝတဲ့ မနက်စာကို စားသုံးပေးခြင်းအားဖြင့် သင့်တနေ့တာကို အားအင်အပြည့်နဲ့ စတင်စေနိုင်မှာဖြစ်သလို ဦးနှောက်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။
(၄) ကော်ဖီအစား အသီးဖျော်ရည်တွေ သောက်သုံးပေးပါ
ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ စိတ်ကိုကြည်လင်စေတာ မှန်ပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကော်ဖီအစား အသီးဖျော်ရည်တွေကို သောက်သုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို အားအင်ဖြည့်တင်းပေးနိုင်တဲ့အပြင် လေးလံထိုင်းမှိုင်းနေတာတွေကိုလည်း လျော့ပါးစေမှာဖြစ်ပါတယ်။
(၅) ရယ်မောပါ
မနက်ခင်းတွေမှာ မိသားစုဝင်တွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ် ရယ်ရယ်မောမောနေခြင်းဟာ နှလုံးကျန်းမာရေးအတွက်လည်း အကျိုးရှိစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေမှာ ဖြစ်ပါတယ်။
Ref : brightside.me