Trend

ဘယ်သန်တွေရဲ့ လူသိနည်းသော အားသာချက်များ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်းက လူသားတွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ ညာသန်တွေဖြစ်ကြပြီး ၁၀ ရာခိုင်နှုန်းသောသူတွေကသာ ဘယ်သန်တွေဖြစ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ဘယ်သန်တွေရဲ့ လူသိနည်းတဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။

(၁) အားကစားမှာ တော်ကြတယ်

စစ်တမ်း ကောက်ယူချက်တွေအရ ဘယ်သန်အများစုဟာ အားကစားပိုင်းမှာ ပိုမိုထူးချွန်လေ့ ရှိကြပါတယ်။ တင်းနစ်နဲ့ ဘေ့စ်ဘောအားကစားတွေမှာ ဘယ်သန်တွေဟာ ညာသန်တွေထက် ပိုမိုထူးချွန် အောင်မြင်ကြပါတယ်။

(၂) အမေရိကန်နိုင်ငံရဲ့ သမ္မတအများစုဟာ ဘယ်သန်တွေဖြစ်ကြတယ်

အမေရိကန်သမ္မတ Donald Trump အပါအဝင် သမ္မတ George W.Bush ၊ Barack Obama နဲ့ Bill Clinton တို့ဟာ ဘယ်သန်တွေ ဖြစ်ကြတဲ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ခေါင်းဆောင်အများစုဟာလည်း ဘယ်သန်တွေ ဖြစ်ကြပါတယ်။

(၃) ဘယ်သန်အများစုဟာ သချာၤတော်ကြတယ်

လေ့လာချက်တွေအရ ဘယ်သန်ကျောင်းသားတွေဟာ ညာသန်တွေထက် သချာၤစွမ်းရည်မှာ ပိုမိုထက်မြက်ကြပြီး အရွယ်နဲ့ မလိုက်အောင် သင်္ချာတော်သူ အများစုဟာလည်း ဘယ်သန်တွေပဲ ဖြစ်ကြပါတယ်။

(၄) အမြွှာအများစုဟာ ဘယ်သန်တွေဖြစ်ကြတယ်

၁၉၉၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Belgain သုတေသီတွေရဲ့လေ့လာချက်တွေအရ ၂၁ ရာခိုင်နှုန်းသော အမြွှာတွေဟာ ဘယ်သန်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

(၅) ဘယ်သန်တွေဟာ ငွေအရှာကောင်းသူတွေ ဖြစ်ကြတယ်

အမေရိကန်နိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ စီးပွားရေး စစ်တမ်းကောက်ယူလေ့လာမှု အဖွဲ့ရဲ့ စစ်တမ်းတွေအရ ဘယ်သန်အများစုဟာ ငွေရှာကောင်းကြတဲ့အပြင် ပိုက်ဆံစုဆောင်းမှု စွမ်းရည်မှာလည်း သူမတူအောင် ထူးခြားကြတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်တွေမှာ အလုပ်လုပ်ရင်း ကျောင်းစရိတ် ရှာဖွေတက်ရောက်နေကြသူအများစုဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။

Ref: www.wkrn.com

Did you find apk for android? You can find new Free Android Games and apps.
Loading