သာမန်လူတွေနဲ့ မတူဘဲ ထူးခြားနေတာက ရှက်စရာ မဟုတ်ပါဘူး။ ထူးခြားတဲ့ အလှအပတွေကို ပိုင်ဆိုင်ပြီး လူတွေ သတ်မှတ်ထားတဲ့ အလှအပစံချိန်တွေက အလကားပါဆိုတာ သက်သေပြခဲ့တဲ့ အမျိုးသားတွေ ရှိပါတယ်။ သူတို့ရဲ့ ချို့ယွင်းချက်တွေကို အားသာချက်တွေ ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့တဲ့ အမျိုးသားတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Christiano
လှပတဲ့ အနီရောင် ဆံကေသာတွေကို ပိုင်ဆိုင်ပြီး YouTube Blogger အနေနဲ့ နာမည်ကြီးတဲ့ Christiano ဟာ နတ်သားတပါးလို လှပတယ်လို့ လူတွေ သတ်မှတ်တာကို ခံထားရသူပါ။ သူဟာ အခုချိန်မှာ မင်းသားလည်း လုပ်နေပြီး သူ့ရဲ့ အားလပ်ချိန်တွေမှာ တောင်တက်ခြင်းနဲ့ အခြားစွန့်စားခန်းတွေကို ပြုလုပ်ထားတဲ့ ဗီဒီယိုတွေ Youtube မှာ တင်လေ့ ရှိပါတယ်။
(၂) Bera
ပြင်သစ်နိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ အဆိုတော်၊ တေးရေးဆရာ တဦးဖြစ်တဲ့ Bera ကတော့ Albino ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ အဲဒီရောဂါကို သူတယောက်ထဲ ခံစားနေရတာ မဟုတ်ပါဘူး။ သူရဲ့ ညီလေးမှာလည်း တူညီတဲ့ ရောဂါဖြစ်နေတာပါ။ သူ့ရဲ့ ညီလေးဟာလည်း အဆိုတော် တယောက်ဖြစ်လာဦးမယ်လို့ သူက မျှော်လင့်နေပါတယ်။
(၃) Moostapha
Moostapha ဟာ တောင်အာဖရိကရဲ့ ကျော်ကြားတဲ့ ပရော်ဖက်ရှင်နယ် မော်ဒယ်တဦးဖြစ်ပါတယ်။ သူ့ကိုကြည့်လိုက်ရင် မော်ဒယ်ဖြစ်လာစရာ ဘာအကြောင်းမှ မရှိပေမယ့် သူ့ရဲ့ ထူးခြားတဲ့ ရုပ်ရည်ကြောင့်ပဲ နာမည်ကျော်ဖို့ ဖြစ်လာခဲ့ပါတယ်။
(၄) Nikolay Matannov
အားကစားသမားတဦးဖြစ်တဲ့ Nikolay Matannov ဟာ ထူးခြားပြီး ကဗျာဆန်ဆန် နူးညံ့တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူပါ။ သူပါဝင်တဲ့ အားကစားပွဲတွေမှာ ဓာတ်ပုံဆရာတွေနဲ့ အမျိုးသမီးပရိသတ်တွေဟာ အားကစားထက် သူ့ကို ပိုပြီး စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ တချို့တွေက သူ့ကို Mulan ကာတွန်းကားထဲက မင်းသားနဲ့ တပုံစံထဲ တူညီတယ်လို့ သတ်မှတ်ထားကြပါတယ်။
(၅) Kaine Buffonge
မော်ဒယ်တဦးဖြစ်တဲ့ Kaine Buffonge ဟာ မျက်နှာမှာ အစက်အပျောက်တွေ အပြည့်နဲ့ လူတကာက ရုပ်ဆိုးတယ်လို့ သတ်မှတ်တာကို ခံခဲ့ရသူဖြစ်ပါတယ်။ မော်ဒယ်လုပ်ဖို့ အတွက် မော်ဒယ်လောကကို စတင်ဝင်ရောက်တဲ့ အခါမှာလည်း သူဟာ ဓာတ်ပုံရိုက်ဖို့ အရမ်းရှက်ခဲ့တယ်လို့ အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးပါတယ်။
ဒီလို ရှက်ရတာဟာ သူရဲ့ ဆိုးဝါးတဲ့မျက်နှာကြောင့် ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပေ့မယ့် သူ့ကို ထူးခြားတယ်လို့ မြင်တဲ့ ပရိသတ်တွေကြောင့် ခဏတာအတွင်းမှာပဲ အောင်မြင်မှုကို ရလာခဲ့သူလည်း ဖြစ်ပါတယ်။
Ref ; mmn