တိရစ္ဆာန်ချစ်သူ အများစုဟာ သူတို့မွေးမြူထားတဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို တိရစ္ဆာန်အနေနဲ့ မမြင်ကြဘဲ ချစ်ခင်ရတဲ့ မိသားစုဝင်တွေလိုမျိုး တယုတယ နွေးနွေးထွေးထွေး ဆက်ဆံလေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ တိရစ္ဆာန်တွေရဲ့ ဓာတ်ပုံတွေကို အသားပေးရိုက်ကူးသူ ဓာတ်ပုံဆရာ Gerrard Gethings ရိုက်ကူးထားတဲ့ အချစ်တော် ခွေးလေးတွေနဲ့တူအောင် ပြုပြင်ကာ ဓာတ်ပုံရိုက်ကူးခံခဲ့ကြတဲ့ ခွေးပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။
(၁) ဒီဓာတ်ပုံကို ရိုက်ကူးဖို့အတွက် လေမှုတ်စက်တွေကို အသုံးပြုကာ အချိန်အတန်ကြာအောင် ရိုက်ကူးခဲ့ရပြီး ခွေးပိုင်ရှင်ဖြစ်သူဟာ ဆိုရင်လည်း သူ့အချစ်တော် ခွေးလေးနဲ့ မတူတူအောင် အချိန်ပေး ရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ်။
(၂) Chow Chow လို့ အမည်ရတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းက ခွေးမျိုးစိတ် တမျိုးဖြစ်တဲ့ ဒီခွေးလေးရဲ့ အရောင်နဲ့ တူအောင်လို့ သူ့ရဲ့ပိုင်ရှင်ဖြစ်သူအမျိုးသမီးလေးဟာ သူမ ဆံပင်ကို တရက်ကြာ အချိန်ပေးကာ ဆေးဆိုးခဲ့ရပြီး ခွေးလေးရဲ့လျှာအရောင် အတိုင်းဖြစ်အောင်လည်း အချိန်ပေးပြင်ဆင်ခဲ့ရပါသေးတယ်။
(၃) ဂျာမနီမျိုးရင်း ခွေးမျိုးစိတ်တမျိုးဖြစ်တဲ့ Schnauzer ခွေးလေးနဲ့ တူအောင်လို့ သူ့သခင်ဖြစ်သူ ခွေးပိုင်ရှင်ဟာ မုတ်ဆိတ်မွေးတွေကို အရှည်ထားခဲ့ရပြီး တူလွန်းတဲ့ သူတို့နှစ်ဦးရဲ့ပုံစံကြောင့် ၂ ခါပြန် ကြည့်ယူရတဲ့ ဓာတ်ပုံတပုံလည်း ဖြစ်ပါတယ်။
(၄) ခွေးလေးရဲ့ ဂရုမစိုက်တဲ့ဟန် ထီမထင်အကြည့်ကြောင့် ဒီဓာတ်ပုံဟာ Social Media တွေမှာ ပျံ့နှံ့အောင်မြင်ခဲ့သလို ပိုင်ရှင်ဖြစ်သူကလည်း သူ့အချစ်တော် ခွေးလေးအတိုင်း တထပ်တည်းကျအောင် ကြိုးစားခဲ့ရပါတယ်လို့ ဆိုပါတယ်။
(၅) Schnoodle လို့ ခေါ်တဲ့ ဒီခွေးမျိုးစိတ်ခွေးရဲ့ ပိုင်ရှင်ဖြစ်သူကတော့ အသက်ငယ်ငယ်ရွယ်ရွယ် ကလေးငယ်တဦးသာ ဖြစ်ပြီး ဒီပုံဟာဆိုရင်လည်း တူလွန်းတာကြောင့် ကလေးငယ်လေးကို ဝိုင်းဝန်းချီးကျူးမှုတွေ အမြောက်အမြား ရရှိခဲ့ပါတယ်။
(၆) ဒီဓာတ်ပုံကိုတော့ ဓာတ်ပုံဆရာက Growing Together လို့ အမည်ရပြီး အရွယ်ရောက်လာတဲ့ ခွေးလေးနဲ့အတူ အိုမင်းလာတဲ့ သခင်ရဲ့ပုံကို မိမိရရ ရိုက်ကူးပြနိုင်တာကြောင့် လူကြိုက်များလှတဲ့ ဓာတ်ပုံတပုံလည်း ဖြစ်ပါတယ်။
Ref : www.rd.com