Trend

သေကံရောက်ပေမယ့် အသက် မပျောက်ခဲ့သူများ

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်တွေမှာ ပါသလိုမျိး အမှန်တကယ် ဒုက္ခ အကြီးအကျယ် ရောက်ခဲ့ဖူးပေမယ့် မသေဘဲ အသက်ရှင် ကျန်ရစ်တဲ့လူတွေဟာ လက်တွေ့ဘဝမှာလည်း တကယ် ရှိနေပါတယ်။ သူတို့တွေကို သေကံရောက်ခဲ့ပေမယ့် အသက် မပျောက်ခဲ့သူတွေလို့တောင် တင်စားနိုင်ပါတယ်။

(၁) Dionisio Pulido

Dionisio Pulido ဟာ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သူ့ခြံရဲ့ နောက်ဖေးမှာ တောင်ပို့တခုကို တွေ့ခဲ့ပါတယ်။ အဲဒီတောင်ပို့ဟာ တဖြည်းဖြည်းနဲ့ ကြီးလာပြီး အငွေ့တွေလည်း ထွက်လာတာကို သူတွေ့ခဲ့ရပါတယ်။ တကယ်တော့ အဲဒီတောင်ပို့ဟာ မီးတောင်တခု ဖြစ်နေတာပါ။ သူက တရွာလုံးကို သတိပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ရွာလုံးကျွတ်ရွာကို စွန့်ခွာခဲ့ရပါတယ်။

(၂) Vesna Vulovi

၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလမှာ Vesna Vulovi စီးနင်းလိုက်ပါလာတဲ့ လေယာဉ်က ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ချက်သမ္မတနိုင်ငံရဲ့ လေပိုင်နက်ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး သူမဟာ အမြင့်ပေ ၃၃၀၀၀ ကနေ လွှင့်စင်ပြုတ်ကျခဲ့ပါတယ်။ အရိုးတွေ ကျိုးကြေကုန်ပြီး ကိုမာရောဂါကို ၃ လ ခံစားခဲ့ရပေမယ့် သေဆုံးခြင်း မရှိခဲ့ပါဘူး။ အခုတော့ သူမဟာ အမြင့်မှ အရှည်ကြာဆုံး ပြုတ်ကျပေမယ့် အသက်သေဆုံးခြင်း မရှိသူအဖြစ် ဂင်းနစ် စံချိန်တင်ခြင်း ခံထားရပါတယ်။

(၃) Anna Bågenholm

သူမကိုတော့ ပြန်လည် ရှင်သန်လာသူလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူမဟာ ရေခဲတောင်တခုမှာ စကိတ်စီးရင်း ရေခဲနေတဲ့ ရေတံခွန်ရဲ့ အပေါက်ထဲကို ပြုတ်ကျခဲ့ပါတယ်။ ခဲနေတဲ့ ရေထဲမှာ မိနစ် ၈၀ နေခဲ့ရပြီး သူမ အသက်ရှုဖို့ ကြိုးစားတာ နာရီဝက်သာ ရှုဖို့ အဆင်ပြေခဲ့ပါတယ်။ ကျန်တဲ့ မိနစ် ၅၀ ကို ရေခဲအောက်မှာ ဒီတိုင်း သတိလစ်မေ့မျောပြီး နေခဲ့ရပါတယ်။

ကယ်ဆယ်သူတွေ ရောက်လာပြီးတဲ့နောက် ၂ ရက်ကြာ ခွဲစိတ်မှုတွေနဲ့ ပြုစုစောင့်ရှောက်မှုတွေ အပြီးမှာ ပြန်လည် သတိရလာခဲ့ပါတယ်။ အေးခဲလွန်းတဲ့ ရေခဲအောက်မှာ အချိန်အကြာကြီး ရှိခဲ့ရတာကြောင့် လက်မှာရှိတဲ့ ကြွက်သားအချို့ အလုပ်မလုပ်နိုင်တော့ပေမယ့် ဦးနှောက်ကတော့ ပျက်စီးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref ; mmn

Did you find apk for android? You can find new Free Android Games and apps.
Loading