Trend

တယောက်တည်း နေထိုင်ခြင်းရဲ့ ကောင်းကျိုးများ

Want create site? Find Free WordPress Themes and plugins.

မကြာခင်မှာ ချစ်သူများနေ့ကို ရောက်ရှိပါတော့မယ်။ ချစ်သူရှိတဲ့သူတွေ အတွက်တော့ ပျော်စရာအတိဖြစ်တဲ့ နေ့ရက်ဖြစ်ပေမယ့် ချစ်သူရည်းစား မရှိတဲ့သူတွေအတွက်ကတော့ ပျင်းစရာကောင်းနေမှာပါ။ ဘယ်နေရာကိုပဲသွားသွား အတွဲတွေကိုပဲ တွေ့နေရမှာ ဖြစ်လို့ အတွဲတွေကို အားကျနေမိမှာပါ။ ဒီလို အချိန်မျိုးမှာ တယောက်တည်း နေထိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို သိထားဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) သင်ကြိုက်ရာ သင်လုပ်နိုင်ခြင်း

ချစ်သူရှိတဲ့ အချိန်မှာ သူ့ရဲ့ ကန့်ကွက်မှုတွေနဲ့ ဘောလုံးပွဲ မကြည့်ရတာ၊ သူငယ်ချင်းတွေနဲ့ ဘီယာထိုင် သောက်တာမျိုးကို လုပ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ တယောက်တည်းနေတဲ့ အခါမှာတော့ သင့်စိတ်ကြိုက်လုပ်ခွင့်ရှိသွားပြီ ဖြစ်ပါတယ်။ သင်လုပ်တဲ့ အရာတွေကို ကန့်ကွက်မယ့်သူ မရှိသလို သင့်စိတ်ကြိုက်ပြုလုပ်လိုက်တဲ့ အရာတခုကို တခြားလူက အပြစ်ပြောနေတာမျိုးတွေ ခံရတော့မှာ မဟုတ်ပါဘူး။

(၂) သူငယ်ချင်းတွေကို အချိန်ပိုပေးနိုင်ခြင်း

ရည်းစားထားတဲ့အခါမှာ သူငယ်ချင်းတွေနဲ့တွေ့ဖို့ အချိန်ဆိုတာ ရှားပါးလွန်းပါတယ်။ သင့်ချစ်သူက မကြိုက်တဲ့ သူငယ်ချင်းဆိုရင် သင့်မှာ ဆက်ပြီး အပေါင်းအသင်းလုပ်ဖို့တောင် ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် ချစ်သူမရှိဘဲ တယောက်တည်းနေတဲ့ အခါ သင့်သူငယ်ချင်း၊ မိဘ နဲ့ သင့်အပေါ် အလေးထားသူတွေကို ပိုပြီး အချိန်ပေး လာနိုင်ပါလိမ့်မယ်။

(၃) ကိုယ်ပိုင်အချိန် များလာခြင်း

ချစ်သူ၊ ရည်းစားနဲ့ ဆိုရင် ကိုယ့်ရဲ့ အားလပ်ချိန်တွေကို သူ့ကိုပဲ ပေးရတာများပါတယ်။ သင့်စိတ်ထဲမှာ စာအုပ် ဖတ်ချင်တာမျိုး ရှိနေပေမယ့် သင့်ချစ်သူက ညစာစားဖို့ ခေါ်ရင် အပြင်မသွားချင်ဘဲ သွားလိုက်ရတာမျိုးတွေက တယောက်တည်း နေတဲ့သူတွေမှာ ကြုံတွေ့စရာ အကြောင်းမရှိပါဘူး။ တယောက်တည်းနေတာဖြစ်လို့ စားချင်တဲ့ အချိန်စား၊ အိပ်ချင်တဲ့ အချိန် အိပ်နိုင်ပြီး သင့်ကိုယ်ပိုင်အချိန်တွေက သင့်အတွက်ပဲ ဖြစ်နေမှာပါ။

(၄) ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ခြင်း

ချစ်သူရည်းစား ရှိတဲ့အခါမှာ သူနဲ့ ချစ်သူသက်တမ် းနှစ်ပတ်လည်၊ သူ့မွေးနေ့၊ အရေးကြီးတဲ့နေ့ စတာတွေအတွက် သင့်ရဲ့ ငွေကြေးတွေကို ကုန်ခံနေရတာမျိုး ကြုံဖူးပါသလား။ တယောက်တည်းနေမယ်ဆိုရင် သင့်ရဲ့ ရည်မှန်းချက်ရှိတဲ့ ဂီတာတီး သင်တန်းတက်ခြင်း၊ ခရီးထွက်ခြင်း စတဲ့ သင့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ပါတယ်။

ချစ်သူရည်းစား ရှိတာဟာ မကောင်းတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာကို စွက်ဖက်တာ များလွန်းပြီး သင့်ကို နားလည်မှု မပေးနိုင်တဲ့သူမျိုးနဲ့ အတူတူ ရှိနေရတာထက်စာရင် တယောက်တည်းနေတာက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။

Ref ; Brightside

Did you find apk for android? You can find new Free Android Games and apps.
Loading