စုံတွဲ ၅ တွဲမှာ ၄ တွဲလောက်ဟာ Facebook စတဲ့ ဆိုရှယ်မီဒီယာ ပြဿနာတွေကြောင့် လမ်းခွဲတာတွေ များလာပါတယ်။ ဒါတွေဟာ တကယ်တော့ စကားပြောခြင်း မရှိဘဲ ဖုန်းသုံးပြီး အချိန်ကုန်တာတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီတခါမှာ သင့်ရဲ့ အိမ်ထောင်ရေး သာယာစိုပြေဖို့ လုပ်သင့်တဲ့အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အတူတူ ချက်ပြုတ်ကြည့်ပါ
ထမင်း၊ ဟင်း အတူတူ ချက်ပြုတ်ခြင်းဟာ ဇနီးမောင်နှံတွေအတွက် လိုအပ်တဲ့ အရာတခုပါ။ ဟင်းအတူတူချက်ပြုတ်ရင် ငယ်ဘဝ အမှတ်တရတွေနဲ့ ကိုယ်နှစ်သက်တဲ့ အရာတွေအကြောင်းကို ပိုပြီး ပြောဖြစ်မှာ သေချာပါတယ်။ ဘယ်သူကမှ မီးဖိုချောင်ထဲမှာ နာရီပေါင်းများစွာ တယောက်တည်း နေချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ချစ်သူ၊ ဇနီးနားမှာ အချိန်ပေးပြီး မီးဖိုချောင် ဝင်ကူကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ရင်ဖွင့်ပါ
တနေ့တာမှာ ကိုယ်ဖြတ်သန်းခဲ့ရတာတွေ အကြောင်း အိမ်ထောင်ဖက်ကို ပြောပြခြင်းဟာ ရင်းနှီးနွေးထွေးစေပါတယ်။ စိတ်ညစ်စရာအကြောင်းတွေကို မပြောဘဲ တနေ့တာမှာ ကြုံခဲ့တဲ့ ပျော်စရာအကြောင်းလေးတွေကို မျှဝေကြည့်ပါ။
(၃) အကြည့်ချင်း ဆုံပါ
တယောက်နဲ့တယောက် မျက်လုံးချင်းဆုံတာဟာ ပြုလုပ်ဖို့ အလွယ်အကူဆုံးနဲ့ ထိရောက်မှုအရှိဆုံးအရာပဲ ဖြစ်ပါတယ်။ တယောက်မျက်လုံးကို တယောက် သေချာကြည့်ခြင်းကြောင့် သင်တို့ကြားက ဆက်ဆံရေးက ပိုပြီး အဆင်ပြေလာမှာ သေချာပါတယ်။
(၄) နှိပ်နယ်ပေးပါ
တယောက်ကို တယောက် နှိပ်နယ်ပေးခြင်းဟာ စိတ်ကျေနပ်မှုကို ရစေတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ သင့်ရဲ့ အိမ်ထောင်ဖက်ကို ၁၅ မိနစ်နှိပ်ပေးပြီး တပတ်ကို ၂ခါ ပြုလုပ်ပေးမယ်ဆိုရင် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်စေမယ်လို့ ဆိုပါတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် နှိပ်ပေးပြီး သံယောဇဉ်တိုးတောင် ပြုလုပ်လို့ ရပါသေးတယ်။
(၅) အိပ်ရာ အတူတူ ဝင်ပါ
သင့်ရဲ့ လက်တွဲဖော်မှာ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတွေ ရှိနေတယ်ဆိုရင် သူနဲ့ အတူတူ အိပ်ရာဝင်ပေးကြည့်ပါ။ အိမ်ပြန်နောက်ကျတာမျိုးတွေ မရှိဘဲ အတူတူစားသောက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတွေကို ပြုလုပ်ပြီး နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ အိပ်ရာဝင်နိုင်အောင် ကြိုးပမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Ref; brigtside