စစ်တမ်းကောက်ယူချက်တွေအရ မကြာခဏ ဆိုသလို ရန်ဖြစ်စကားများကြတဲ့ စုံတွဲတွေနဲ့ အိမ်ထောင်သည်တွေဟာ အချစ်ရေးမှာ ပိုမိုခိုင်မြဲကြတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး အချစ်ရေးမှာ ခိုင်မြဲကြရတဲ့ အကြောင်းရင်းတွေကိုတော့ စစ်တမ်းတွေမှာ အခုလိုပဲ ဖော်ပြထားပါတယ်။
(၁) ရန်ဖြစ်စကားများခြင်းဟာ တဦးနဲ့တဦး ဆက်ဆံရေးမှာ ပိုမိုပွင့်လင်းစေတယ်
စုံတွဲတွေအများစု လမ်းခွဲပြတ်ဆဲရတဲ့ အကြောင်းရင်းတွေထဲမှာ တဦးနဲ့ တဦး ပွင့်လင်းစွာ ပြောဆို ဆက်ဆံမှုမရှိတာလည်း တခု အပါအဝင်ပါ။ မိမိ မကျေနပ်ချက်တွေကို ရန်ဖြစ်စကားများ ဖော်ထုတ်လိုက်ခြင်းအားဖြင့် တဦးနဲ့ တဦး ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း နားလည်မှုတွေ ရရှိစေတာကြောင့်ပဲ အချစ်ရေးမှာ ပိုမိုခိုင်မြဲကြတာ ဖြစ်ပါတယ်။
(၂) အချေအတင် စကားများကြခြင်းဟာ ရေရှည်မှာ ခိုင်မြဲတဲ့ ဆက်ဆံမှုတခုကို ဖြစ်စေတယ်
စိတ်ပညာရှင်တွေရဲ့အဆိုအရ ရေရှည်ခိုင်မြဲကြတဲ့ စုံတွဲတွေရဲ့ဆက်ဆံရေးမှာ တဦးနဲ့ တဦး အချေအတင် စကားများကြခြင်းဟာလည်း အဓိကအချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မကျေနပ်ချက်တွေကို သိမ်းဆည်းထားခြင်းထက် ပွင့်ပွင့်လင်းလင်း အချေအတင် ငြင်းခုန်စကားများလိုက်ခြင်းက အချစ်ရေးမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
(၃) အချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့လာခြင်းကို လျော့ကျစေတယ်
တဦးနဲ့တဦး ချစ်ခင်လို့ လက်တွဲကြတယ်ဆိုပေမယ့် လူ့သဘာဝအရ အချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့လာတတ်ကြပါတယ်။ မကြာခဏ ရန်ဖြစ်စကားများကြတဲ့ စုံတွဲတွေမှာတော့ ဒီလိုငြီးငွေ့လာခြင်းမျိုးကို မတွေ့ရဘဲ ဒါဟာဘာဖြစ်လို့လဲဆိုရင်တော့ ရန်ဖြစ်စကားများခြင်းဟာ တဦးနဲ့တဦး နားလည်မှုတွေကို ပိုမိုခိုင်မြဲလာစေတာကြောင့်လည်း ဖြစ်ပါတယ်။
(၄) အချစ်ရေးကို ရေရှည်ခိုင်မြဲစေတယ်
လေ့လာချက်တွေအရ အချစ်ရေး အဆင်မပြေကြသူတွေရဲ့ အဓိက အမှားတခုကတော့ ပွင့်ပွင့်လင်းလင်း စကားအချေအတင် မဖြစ်ကြတာကြောင့်လို့ ဆိုပါတယ်။ ရန်ဖြစ်စကားများရခြင်းကို မျိုသိပ်ပြီးရှောင်လွှဲတတ်ကြတဲ့ စုံတွဲတွေဟာ ရေရှည်မှာ အချစ်ရေး အဆင်မပြေဖြစ်ကြပြီး ရန်ဖြစ်စကားများပြီး မိမိအမြင်ကို ပွင့်လင်းစွာ ပြောဆိုတတ်ကြတဲ့ စုံတွဲတွေကတော့ အချစ်ရေးမှာ ပိုမိုခိုင်မြဲလေ့ ရှိကြပါတယ်။
Ref : brightside.me