Trend

တကြိမ်လောက်စမ်းသပ် အသုံးပြုကြည့်သင့်တဲ့ အလှအပရေးရာ ပစ္စည်းအဆန်းများ

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ နေ့စဉ်လူနေမှုဘဝမှာ အသုံးတည့်စေမယ့် ပစ္စည်းတွေကို တီထွင်ဆန်းသစ်မှု တွေကလည်း တနေ့ထက်တနေ့ အမြောက်အမြား ပေါ်ထွက်လာနေတာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အလှအပရေးရာ စိတ်ဝင်စားသူတွေ စမ်းသပ်အသုံးပြုကြည့်သင့်တဲ့ အလှအပရေးရာ တီထွင်ဖန်တီးမှု ပစ္စည်းအသစ်အဆန်းတွေပဲဖြစ်ပါတယ်။

(၁) Skin Track UV Patch

ဒါကတော့ နေပူထဲသွားတဲ့အခါ Sunscreen လိမ်းဖို့ ပျင်းသူတွေအတွက် ထုတ်လုပ်ထားတဲ့ အပြာရောင်ကပ်ခွာ ပုံစံငယ်လေးပဲဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် အရေပြားပေါ်မှာ ကပ်ထားရမှာဖြစ်ပြီး ရေစိုလည်းခံတဲ့အပြင် ၃ ရက်ကနေ ၅ ရက်အထိ အသုံးပြုနိုင်တဲ့ ပစ္စည်းတမျိုးပဲဖြစ်ပါတယ်။

(၂) LED Tweezer

မျက်ခုံးမွှေးနှုတ်တဲ့အခါ အလင်းရောင်ကောင်းကောင်းရရှိပြီး သေချာစွာမြင်နိုင်ဖို့အတွက် ရည်ရွှယ်ထုတ်လုပ်ထားတဲ့ ပစ္စည်းတမျိုးပဲဖြစ်ပါတယ်။ မျက်ခုံးမွှေးနှုတ်တံမှာမှ တောက်ပတဲ့ LED မီးအသေးစားလေးတပ်ဆင်ထားတဲ့ ဒီပစ္စည်းဟာဆိုရင်တော့ လက်ရှိမှာ ရေပန်းစားနေတဲ့ ပစ္စည်းတမျိုးလည်းဖြစ်ပါတယ်။

(၃) Beauty Steamer

Spa သွားစရာမလိုဘဲ အိမ်မှာတင် ရေနွေးငွေ့နဲ့ ပေါင်းတင်နိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ ဒီပစ္စည်းဟာဆိုရင်တော့ မျက်နှာ၊လည်ပင်းနဲ့ လက် အသားအရေတွေကို အပူ၊အအေးစနစ် ၂ မျိုးလုံးနဲ့ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

(၄) Makeup Brush Cleaner

မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်ဘရပ်ရှ်တွေ သန့်စင်နေဖို့ကလည်း အရေးကြီးပါတယ်။ သန့်ရှင်းမှုမရှိတဲ့ မိတ်ကပ်ဘရပ်ရ်ှ တွေဟာ အသားအရေကို ပျက်စီးစေနိုင်တာကြောင့် ဘရပ်ရှ်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် ဒီပစ္စည်းကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Mixer လိုပုံစံမျိုးကိုမှ Cleaning Fluid အရည်ကိုထည့်ပြီး သန့်ရှင်းရေးပြုလုပ်ရတဲ့ ဒီပစ္စည်းဟာဆိုရင်လည်း မိတ်ကပ်ပြင်ဆင်သူတွေ အကြိုက်တွေ့နေကြတဲ့ ပစ္စည်းတမျိုးပဲဖြစ်ပါတယ်။

(၅) Blackhead Vacuum Remover

မျက်နှာပေါ်က ဆားဝက်ခြံတွေကို အပြတ်ရှင်းပေးနိုင်မယ့် ဒီပစ္စည်းဟာဆိုရင်ေတော့ ဆားဝက်ခြံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသူတွေအတွက် အမှန်တကယ်အသုံးတည့်စေမယ့် ပစ္စည်းတမျိုးပဲဖြစ်ပါတယ်။

Ref. brightside.me

Loading