၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ကနေစပြီး တရုတ်နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာနဲ့အဝှမ်း မှာ ကြီးကြီးကျယ်ကျယ် ကျင်းပနေကြပါတယ်။ ဘီလီယံနဲ့ချီနဲ့ လူပေါင်းများစွာဟာ ဒီပွဲတော်အတွက် အစောပိုင်းကတည်း ကြိုတင် ပြင်ဆင်ထားခဲ့ကြပါတယ်။
ဒီပွဲတော်ကို ကမ္ဘာကြီးရဲ့ ဘယ်နေရာတွေမှာ အကောင်းဆုံးကျင်းပနေသလဲဆိုတာ ဖော်ပြ ပေးချင်ပါတယ်။
(၁) ဘေကျင်း
ကမ္ဘာနဲ့ချီပြီး ကျင်းပနေတဲ့ တရုတ်နှစ်သစ်ကိုပွဲတော်ကို အခမ်းနားဆုံး ကျင်းပနေတာကတော့ ဘေကျင်းဆိုရင်လည်း မမှားပါဘူး။ အဝေးရောက်နေတဲ့ မိသားစုဝင်တွေလည်း အိမ်ပြန်ရောက်ခဲ့ပြီးခဲ့ ကြပြီမို့ ဒီအချိန်ဟာ ပျော်စရာ အကောင်းဆုံး ဆိုတဲ့အချိန်ဆိုလည်း မမှားပါဘူး။
ဒါကြောင့်လည်း ဘေကျင်းလမ်းမတွေမှာဆိုရင်တော့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို တအိမ်ဝင် တအိမ်ထွက် လိုက်လံ နှုတ်ဆက်နေကြသူတွေက အများကြီးပါပဲ။
လူတွေကလည်း အဝတ်အစားသစ်တွေဝတ်ဆင်ထားကြ ၊ ကလေးတွေကလည်း အန်ပေါင်း တွေရကြနဲ့ဆိုတော့ နွေဦးပွဲတော်ဟာ ဘေကျင်းသားတွေအတွက်တော့ ပျော်စရာအကောင်းဆုံး အချိန်တချိန်လို့ ပြောရမှာ ဖြစ်ပါတယ်။
(၂) လန်ဒန်
တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံရဲ့ထုံးတမ်းအစဉ်အလာနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေ ကြသလို လန်ဒန်မှာလည်း လန်ဒန်စတိုင်နဲ့ နှစ်သစ်ကူးပွဲကို ကျင်းပလေ့ရှိပါတယ်။ လန်ဒန်စတိုင်ဆို ပေမယ့်လည်း တရုတ်အငွေ့အသက်ကိုတော့ မပျောက်ဆုံးစေရပါဘူး။ ဒါကြောင့် နဂါး နဲ့ ခြင်္သေ့ အက အလှတွေက လန်ဒန်လမ်းမတွေမှာ ပိုပိုခေတ်စား လာခဲ့ပါတယ်။
(၃) ဟောင်ကောင်
ဟောင်ကောင်ကလည်း တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခုပါပဲ။ ဒါကြောင့်လည်း ဟောင် ကောင်သားတွေဟာ တရုတ်နှစ်သစ်ကူးပွဲတော်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ကျင်းပကြပါတယ်။ အဓိကကတော့ ပွဲတော် ဒုတိယရက် ဒီနေ့ ဖေဖော်ဝါရီ ၆ရက်နေ့မှာကျင်းပမယ့် မီးရှူးမီးပန်းပစ်ဖောက်ပွဲ ပါပဲ။ ဒီအခမ်းအနားကိုတော့ ဗစ်တိုးရီးယားဆိပ်ကမ်းမှာ ကျင်းပကြပါလိမ့်မယ်။
ဟောင်ကောင်သားတွေယူဆထားကြတာကတော့ မီးရှူးမီးပန်းတွေပစ်ဖောက်တာက ကံဆိုးမှုကိုကျော်ဖြတ်နိုင်ပြီး ကံကောင်းမှုတွေကို ယူဆောင်လာတယ်လို့ ယူဆထားကြပါတယ်။ ဒီအချိန်မှာဆိုရင်တော့ အဝတ်အစားအနီရောင်ကို ဦးစားပေးဝတ်ဆင်ကြပြီး တရုတ်ဘုံကျောင်းလို နေရာတွေမှာ ရှိခိုးဆုတောင်းတတ်ကြပါသေးတယ်။
(၄)စင်ကာပူ
စင်ကာပူနိုင်ငံကတော့ ပွဲတော်ပထမရက်နဲ့ ဒုတိယရက်တွေကို အများပြည်သူအားလပ်ရက် အဖြစ် သတ်မှတ်ပေးထား ပါတယ်။ ဒီလိုနေ့မျိုးတွေမှာဆိုရင်တော့ တရုတ်တန်းတွေက လူအင်မတန် စည်ကားနေကြပါတယ်။ အကြောင်းကတော့ လက်ဆောင်ပစ္စည်းတွေပေးနိုင်ကြဖို့ လူတွေ စည်ကားနေလို့ပါပဲ။
Ref:timesofindia.indiatime