Trend

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း ၅ ခု

မီးဖိုချောင် ၊ အိပ်ခန်းနဲ့ အိမ်ခန်းအတွင်းက အနံ့အသက်ဆိုးတွေကို အလွယ်တကူဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း(၄)ဇွန်းခန့်ကို ရေတလီတာနဲ့ ရောစပ်ပြီး ဖျန်းဆေးဘူးတဘူးထဲထည့်ပါ။ ပြီးရင်တော့ ကြောင်အိမ် ၊ ပန်းကန်စင်နဲ့ မီးဖိုချောင်တဝိုက်အပြင် အိမ်ခန်းတွင်းက အနံ့အသက်မကောင်းတဲ့ နေရာတွေပေါ် ပက်ဖျန်းပြီး အဝတ်စတခုနဲ့ သုတ်ကာ သန့်ရှင်းရေးပြုလုပ်ပေးနိုင်တယ်။

(၂) သံပရာသီး

သံပရာသီးဟာဆိုရင်တော့ သဘာဝအနံ့အသက် ပျောက်ဆေးတမျိုးလို့တောင် ပြောလို့ရပါတယ်။ အနံ့အသက်မကောင်း တဲ့နေရာတဝိုက်မှာ သံပရာသီးကို လှီးပြီးတော့ပဲဖြစ်ဖြစ် အလုံးအတိုင်းပဲဖြစ်ဖြစ် ဖန်ခွက်တခုထဲထည့်ပြီး ထားပေးခြင်း အားဖြင့် အနံ့ဆိုးတွေကို အလွယ်တကူ လျင်လျင်မြန်မြန် ပျောက်ကင်းစေနိုင်မှာဖြစ်ပါတယ်။

(၃) ရှာလကာရည်

ရှာလကာရည်ဟာ ဟင်းလျာချက်ပြုတ်တဲ့ အိုးခွက်တွေကို ပြောင်စင်အောင် ကြေးချွတ်ပေးနိုင်တဲ့အပြင် အိမ်ခန်းတွင်းက အနံ့အသက်ဆိုးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ရေအနည်းငယ် ရောစပ်ထားတဲ့ ရှာလကာရည်ကို အနံ့ဆိုးတွေရှိတဲ့ နေရာတွေမှာ ပက်ဖျန်းပြီး အဝတ်စတခုနဲ့ ပွတ်တိုက်သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

(၄) ကြက်သွန်နီ

ကြက်သွန်နီကို အကွင်းလေးတွေအဖြစ် ပါးပါးလှီးပြီး အခန်းထောင့်တွေမှာ ထားပေးခြင်းအားဖြင့်လည်း အနံ့ဆိုးတွေကို စုပ်ယူဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

(၅) ဗော်ကာ (Vodka)

ဗော်ကာဟာ အိမ်တွင်းအနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးသော အယ်လ်ကိုဟောအမျိုးအစား တခုပဲဖြစ်ပါတယ်။ အနံ့အသက်ဆိုးတွေရှိတဲ့နေရာမှာ ဗော်ကာအနည်းငယ်သုတ်ပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးခြင်းအားဖြင့် အနံ့အသက်တွေကို ပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Ref: www.domain.com.au

Loading