Trend

ခရီးသွားတွေ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်

တရုတ်နှစ်သစ်ကူးပွဲတော် ရောက်လာတဲ့အချိန်ဆို တရုတ်နိုင်ငံကို အလည်အပတ်သွား ရောက်ကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် မေးခွန်းတခုရှိပါတယ်။ အဲဒါကတော့ ပွဲတော် ကာလအတွင်း တရုတ်နိုင်ငံကိုအလည်သွားလို့ သင့်တော်ပါ့မလားဆိုတဲ့ မေးခွန်းပါပဲ။ ခရီးသွားတွေ အဓိကစိုးရိမ်တာကတော့ စားသောက်နေထိုင်ရေးကအစ အပန်းဖြေခရီးစဉ်တွေအဆုံး လုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားကြမှာကို စိုးရိမ်ကြတာပါပဲ။

တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံကို အလည်အပတ် သွားရောက်ကြမယ့် ခရီးသွား တွေအတွက် အဖြေကောင်းတခုရှိပါတယ်။ အဲ့ဒါကတော့ ခရီးသွားလာရေးလုပ်ငန်းတွေကို ရပ်ဆိုင်းမထားဘဲ အရင်လိုပုံမှန်အတိုင်း ရှိနေမယ်ဆိုတာပါ။

ဘဏ်လုပ်ငန်းတချို့ကလွဲလို့ အခြားစီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်အတိုင်းပဲ ဆက်လက်လည် ပတ်နေပါလိမ့်မယ်။ အဓိကကတော့ ခရီးသွားလုပ်ငန်းတွေဟာ အရင်အတိုင်းပဲရှိနေပါလိမ့်မယ်။ အစိုးရရုံးပိတ်ရက်ဖြစ်သလို စာသင်ကျောင်းတွေကိုလည်း ပိတ်ပေးထားတဲ့အတွက် ဒီရာသီဟာ တရုတ်နိုင်ငံအဖို့တော့ ခရီးသွားလာမှုများနေမယ့်ရာသီပါပဲ။

တရုတ်နိုင်ငံအဖို့တော့ တရုတ်နှစ်သစ်ကူးပွဲတော်ကာလဟာ ကမ္ဘာ့အကြီးမားဆုံး ခရီးသွား ကာလတခုပါပဲ။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေက လာရောက်လည်ပတ်ကြသူတွေကို အပြိုင် အဆိုင်ဝန်ဆောင်မှုပေးနေပါလိမ့်မယ်။ ဒီအကြောင်းအချက်တွေကို ထောက်ဆကြည့်ရင် တရုတ်နှစ် သစ်ကူးကာလအတွင်း တရုတ်နိုင်ငံကိုခရီးသွားတာက အခက်အခဲတစုံတရာရှိနိုင်မယ် မဟုတ်ပါ ဘူး။

စီးပွားရေးလုပ်ငန်းတွေကလည်း ဆက်လက်လည်ပတ်နေမှာဖြစ်သလို ဟိုတယ် ၊ စားသောက်ဆိုင်နဲ့ လေဆိပ် အစရှိတာတွေကလည်း ခရီးသွားတွေ အဆင်ပြေအောင်ဆောင်ရွက် ပေးဖို့ အဆင့်သင့် ရှိနေကြပါတယ်။

စားသောက်ဆိုင်အချို့ကတော့ အချိန်ကန့်သတ်ချက်တစုံတရာရှိကောင်းရှိနိုင်ပေမယ့် အများစုကတော့ ခရီးသွားတွေအတွက် အချိန်မရွေးလာနိုင်သွားနိုင်အောင် စီစဉ်ပေးထားပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ကာလဟာ ၁၅ ရက်ကြာမြင့်မှာဖြစ်ပေမယ့် အပန်းဖြေစရာနေရာ အတော်များများကိုတော့ ဖွင့်လှစ်ပေးထားပါလိမ့်မယ်။

Ref:tripsavvy

Loading