ကမ္ဘာတဝှမ်းမှာ အသက်မွေးဝမ်းကျောင်း အလုပ်များစွာရှိတဲ့အထဲမှာမှ အခုဖော်ပြပေးမယ့် အလုပ်တွေကတော့ သင်မကြားဖူးသေးတဲ့ ထူးထူးဆန်းဆန်းလို့ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။
(၁) Professional Pusher
အလုပ်ကြိုးစားသူတွေနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံမှာတော့ အလုပ်ကို အချိန်မီရောက်ရှိဖို့ ရထားစီးရာမှာ လူအများနဲ့ ပြည့်ကြပ်နေတာကြောင့် ဒီလူအစုအဝေးကြီးကို ရထားပေါ် ရောက်ရှိသွားဖို့အတွက် အနောက်ကနေတွန်းပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပဲ ဖြစ်ပါတယ်။
(၂) Rental Boyfriend
သင့်အနေနဲ့ ပိုက်ဆံသာရှိမယ်ဆိုရင်တော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရည်းစားတယောက်လောက် ရဖို့ မခက်ခဲပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရည်းစား အငှားလုပ်ငန်းဟာ အသက်မွေးဝမ်းကျောင်းတခုအနေနဲ့ တိုကျိုမြို့မှာ တည်ရှိနေလို့ပဲ ဖြစ်ပါတယ်။
(၃) Professional Sleeper
ကမ္ဘာပေါ်မှာ အသက်သာဆုံး အလုပ်အကိုင်တခုလို့တောင် ပြောလို့ရတဲ့ ဒီအလုပ်ဟာဆိုရင် သိပ္ပံပညာရှင်တွေ အိပ်စက်ခြင်းစက်ဝန်းကို စမ်းသပ်လေ့လာဖို့အတွက် တချိန်လုံး အိပ်စက်ပေးရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
(၄) Deodorant Tester
ချိုင်းချွေးနံ့ ပျောက်ကင်းဖို့အတွက် သုံးစွဲကြတဲ့ Roll On ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်ရတဲ့ ဒီအလုပ်ဟာ ဆိုရင်တော့ အသစ်ထွက်ရှိတဲ့ Roll On အနံ့တွေကို ချိုင်းမှာ ဆွတ်ဖျန်းပြီးတဲ့အခါ အနံ့အသက် ဘယ်လိုရှိလဲဆိုတာကို စမ်းသပ် ရှူရှိုက်ရတဲ့ အလုပ်ပဲဖြစ်ပါတယ်။
(၅) Pet Food Taster
အိမ်မွေးတိရိစ္ဆာန်အတွက် ထုတ်လုပ်ထားတဲ့ အစားအစာတွေကို ဈေးကွက်ထဲ မဖြန့်ချိခင် စမ်းသပ်အရသာခံရတဲ့ အလုပ်အကိုင်တခုပဲ ဖြစ်ပါတယ်။
(၆) Professional Cuddler
သင့်အနေနဲ့ မိဘရင်ခွင်ကို လွမ်းဆွတ်နေတဲ့အခါမှာပဲဖြစ်ဖြစ် ချစ်သူရည်းစားကို လွမ်းဆွတ်နေတဲ့အခါမျိုးပဲဖြစ်ဖြစ် ပွေ့ဖက် နှစ်သိမ့်ခံရဖို့အတွက် ဒီဝန်ဆောင်မှုကို ဂျပန်နိုင်ငံမှာတော့ အလွယ်တကူ ရရှိနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အငှားပွေ့ဖက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဟာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တခုအနေနဲ့ ရှိနေလို့ပဲ ဖြစ်ပါတယ်။
Ref: www.scoopwhoop.com