Trend

ဆိုးနေကျ နှုတ်ခမ်းနီရောင်တွေကနေတဆင့် သိနိုင်မယ့် သင့်အကြောင်း

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေရဲ့ နေ့စဉ် အလှအပရေးရာမှာ သုံးစွဲကြရတဲ့ အလှကုန်ပစ္စည်းတွေထဲမှာ နှုတ်ခမ်းနီတွေဟာလည်း မပါမဖြစ် ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာက သင်ရွေးချယ်တဲ့ နှုတ်ခမ်းနီအရောင်တွေပေါ် မူတည်ပြီး သက်ဆိုင်ရာ ပင်ကိုယ်စရိုက်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) အနီရောင်

နှုတ်ခမ်းနီ အနီရောင်ကိုသာ စွဲစွဲမြဲမြဲရွေးချယ်ပြီး ဆိုးလေ့ရှိသူတွေကတော့ ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားလွယ်ပြီး သူတပါးအပေါ်မှာလည်း သည်းခံအလျှော့ပေးတတ်ကြသူတွေ ဖြစ်ပါတယ်။

(၂) ပန်းရောင်

နှုတ်ခမ်းနီ ပန်းရောင်ကိုသာ ရွေးချယ်ပြီး ဆိုးလေ့ရှိသူတွေကတော့ မိန်းကလေးဆန်သူတွေ ဖြစ်ကြပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကြင်နာတတ်တဲ့ စိတ်အရင်းခံရှိသူတွေလို့ ဆိုပါတယ်။

(၃) အသားရောင်

နှုတ်ခမ်းနီ အသားရောင်(Nude color) ကိုသာ ရွေးချယ် သုံးစွဲလေ့ရှိသူတွေကတော့ ပွင့်ပွင့်လင်းလင်း နေထိုင် ပြောဆိုတတ်ကြသူတွေဖြစ်ပြီး မိန်းကလေးဆန်တဲ့ အမူအရာတွေကိုတော့ သူတို့ဆီမှာ တွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရိုးသားတဲ့ စိတ်ထားနဲ့ သူတပါးအပေါ် ကူညီလိုစိတ်ရှိသူတွေလည်း ဖြစ်နေတတ်ကြပါသေးတယ်။

(၄) အညိုရောင်

နှုတ်ခမ်းနီ အညိုရောင်(Brown color) ကို ရွေးချယ်သုံးစွဲလေ့ ရှိသူတွေကတော့ သူတပါးနဲ့ မတူတဲ့ ကိုယ်ပိုင်ဟန်တခုကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး စိန်ခေါ်မှုတွေကိုလည်း မကြောက်မရွံ့ ရင်ဆိုင်နိုင်ကြသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်ကြောင့်ပဲ အများတကာနဲ့ ကွဲပြားနေရခြင်းလည်း ဖြစ်ပါတယ်။

(၅) အမည်းရောင်

ရွေးချယ်သုံးစွဲသူ နည်းပါးတဲ့ နှုတ်ခမ်းနီအရောင်တခုပဲဖြစ်ပြီး နားလည်ရ ခက်ခဲသလို ချဉ်းကပ်ရ ခက်ခဲတဲ့ သူတွေပဲ ဖြစ်ကြပါတယ်။ ပုံမှန် မဟုတ်တဲ့ အရောင်တခုကို ရွေးချယ်သုံးစွဲသူတွေ ဖြစ်ကြတဲ့အတွက် အများနဲ့ မတူဘူးဆိုတာကတော့ သိသာထင်ရှားနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Ref : m.timesofindia.com

Did you find apk for android? You can find new Free Android Games and apps.
Loading