ဘဝဟာ နေတတ်ရင် ပျော်စရာပဲလို့ လူတော်တော်များများက ပြောကြပါတယ်။ သူတို့ပြောတာကို မှားတယ်လို့ မဆိုသာပေမယ့် တခါတလေမှာ မလိုလားအပ်တဲ့ စိတ်ရှုပ်စရာတွေ ပေါ်လာတတ်ပါတယ်။ အသေးအဖွဲကိစ္စလေးတွေကြောင့် စိတ်ညစ်ရတယ်ဆိုတာမျိုး မဖြစ်စေဖို့နဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝကို ပိုမိုလွယ်ကူချောမွေ့စေဖို့ လက်တွေအသုံးချလို့ရမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သံရိုက်တဲ့ အခါ အမြဲလက်ကိုထိမိတာတွေကြောင့် ဒေါသထွက်တာရော လက်နာတာပါ မဖြစ်ရအောင် လက်အစား ခေါင်းဘီးကို အသုံးပြုကြည့်ပါ။
(၂) နားကြပ်မှာ နားကို မထိခိုက်အောင် တပ်ထားပေးတဲ့ ဆီလီကွန်အစွပ်အပိုကို ဖုန်းနဲ့ နားကြပ်ချိတ်တဲ့ နေရာလေးမှာ အမြဲတွဲထားပါ။ ဒါဆို မတော်တဆ သင်အပြင်သွားရင် ဆီလီကွန်အစွပ်ပျောက်သွားလည်း စိတ်ပူစရာမလိုတော့ပါဘူး။
(၃) Permanent Marker က မှင်စွန်းသွားခဲ့ရင်တောင် စိတ်မပူပါနဲ့။ လွယ်ကူတဲ့ နည်းလမ်းရှိပြီးသား ဖြစ်ပါတယ်။ အဝတ်အစားဆိုရင် ရေမလိုလက်သန့်ဆေးနဲ့ ပြောင်အောင် ပြုလုပ်နိုင်ပြီး နံရံတွေမှာ စွန်းသွားခဲ့တယ်ဆိုရင် သွားတိုက်ဆေး ဒါမှမဟုတ် Hair Spray ကို အသုံးပြုပြီး အစွန်းချွတ်နိုင်ပါတယ်။
သစ်သားခုံတွေမှာ ပေခဲ့တယ်ဆိုရင် အရက်နဲ့ ဖျက်လို့ရပြီး ကောဇောမှာ ပေခဲ့ရင် ရှာလကာရည်နဲ့ ဖျက်လို့ရသလို ပရိဘောဂ ပစ္စည်းတွေမှာ ပေခဲ့တယ်ဆိုရင်တော့ နွားနို့ကို အသုံးပြုပြီး ပေသွားတဲ့ အစွန်းကို ဖျက်နိုင်ပါတယ်။
(၄) Sticky Note တွေ ဖြုတ်လိုက်ရင် စက္ကူက ကောက်နေတာမျိုးကို ကြုံဖူးကြမှာပါ။ တကယ်တော့ သင်အသုံးပြုတဲ့ ပုံစံမှားနေလို့ ဖြစ်ပါတယ်။ နည်းလမ်းအမှန်က လွတ်နေတဲ့ နေရာကနေ ဖြစ်သလို ဆွဲဖြုတ်ရမှာ မဟုတ်ဘဲ ကော်ပါတဲ့ ဖက်ကနေ ဖြည်းဖြည်း ဖြုတ်ယူရမှာ ဖြစ်ပါတယ်။
(၅) အိမ်သာသုံးစက္ကူတွေကို အသုံးပြုပြီး အလည်က ကျန်ခဲ့တဲ့ အလိပ်လေးကို မီးကြိုး၊ ဖုန်းအားသွင်းကြိုး စတာတွေ ထည့်ထားလို့ ရပါသေးတယ်။ မလွှင့်ပစ်လိုက်ပါနဲ့။
(၆) စားသောက်ဆိုင်တွေမှာ လှီးထားတဲ့ မှိုတွေလို သင်ကိုယ်တိုင်ချက်ပြုတ်ရတဲ အခါမှာ သင်လှီးလိုက်တဲ့ မှိုက မလှလို့ စိုးရိမ်စရာမရှိပါဘူး။ ကြက်ဥလှီးစက်ထဲ မှိုကို ထည့်လိုက်ရုံပါပဲ။
Ref; brightside