၂၀၁၈ခုနှစ် သြဂုတ်လအထိဆိုရင်တော့ ကမ္ဘာ့လူဦးရေစုစုပေါင်းက ၇ ဒဿမ ၆၃ ဘီလီယံထက် ကျော်လွန်လာခဲ့ပါတယ်။ လူဦးရေတိုးပွားနှုန်းကလည်း တနေ့ထက်တနေ့ ပိုပိုများလာခဲ့ပါတယ်။ ဒါတောင် တချို့နေရာတွေက လူဦးရေတိုးပွားနှုန်းကျဆင်းနေပြီ တချို့နေရာတွေကတော့ နည်းနည်း ချင်း တိုးပွားလာနေတာပါ။
လူဦးရေအထူထပ်ဆုံးနိုင်ငံကတော့တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ၁ ဒဿမ ၄ ဘီလီယံ ထက်ကျော်လွန်လာ ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ၁ ဒဿမ ၃၅၅ ဘီလီယံရှိပြီး ဒုတိယလူနေ အထူထပ်ဆုံးနိုင်ငံဖြစ်ပါတယ်။
၂၀၃၀ ပြည့်နှစ်မှာတော့ အိန္ဒိယနိုင်ငံက လူဦးရေ အများဆုံးနိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ တရုတ်နိုင်ငံရဲ့လူဦးရေတိုးပွားနှုန်းက ကျဆင်းလာနေပြီး အိန္ဒိယနိုင်ငံ ရဲ့ လူဦးရေတိုးပွားနှုန်းက ပိုများလာနေလို့ပါပဲ။
ဒီနိုင်ငံတွေပြီးရင် နောက်ထပ် လူဦးရေ သန်း၁၀၀ ကျော်ရှိတဲ့နိုင်ငံတွေက ၁၁ နိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံတွေကတော့ အမေရိကန် ၊ အင်ဒိုနီးရှား ၊ ဘရာဇီး ၊ ပါကစ္စတန် ၊ နိုင်ဂျီးရီးယား ၊ ဘင်္ဂလားဒေ့ရှ် ၊ ရုရှား ၊ မက္ကဆီကို ၊ အီသီယိုးပီးယား ၊ ဂျပန် နဲ့ ဖိလစ်ပိုင်နိုင်ငံတွေပါပဲ။ ဒီနိုင်ငံတွေ ထဲမှာဆိုရင်လည်း ရုရှားနဲ့ ဂျပန်ဟာ လူဦးရေတိုးပွားနှုန်းက ကျဆင်းနေပြီး ကျန်နိုင်ငံတွေကတော့ ဆက်လက်ကြီးထွားလာနေပါတယ်။
လူဦးရေအနည်းဆုံးမြို့တော်ကတော့ ဗာတီကန်မြို့တော်ဖြစ်ပြီး စုစုပေါင်းမှ ၈၀၁ ယောက်ပဲ ရှိပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ကမ္ဘာ့လူဦးရေဟာ ၁ ဒဿမ ၁၂ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ ကမ္ဘာ့လူ ဦးရေဟာ ဆက်လက်တိုးပွားနေဖို့ရှိနေပေမယ့် နည်းနည်းချင်းသာတိုးပွားလာနေပါလိမ့်မယ်။
၂၀၃၀ ပြည့်နှစ်မှာတော့ ၈ ဘီလီယံရှိမယ်လို့မျှော်လင့်ထားကြပြီး ၂၀၄၀ ပြည့်နှစ်မှာတော့ ၉ ဘီလီယံကိုကျော်ဖို့ ရှိနေပြီး ၂၀၅၀ ပြည့်နှစ်မှာတော့ ၁၀ ဘီလီယံကိုကျော်လွန်သွားဖို့ရှိနေပါတယ်။
လူဦးရေတိုးပွားမှုနှုန်း မြန်ဆန်တဲ့နိုင်ငံတွေကတော့ စုစုပေါင်း ၉ နိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံ တွေကတော့ ကွန်ဂို ၊ အီသီယိုးပီးယား ၊ အိန္ဒိယ ၊ နိုင်ဂျီးရီးယား ၊ အင်ဒိုနီးရှား ၊ ပါကစ္စတန် ၊ ယူဂန်ဒါ ၊ တန်ဇန်းနီးယား နဲ့ အမေရိကန်နိုင်ငံတွေပါပဲ။
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ၂၀၃၀ပြည့်နှစ်မှာဆိုရင် အိန္ဒိယနိုင်ငံက တရုတ်နိုင် ငံထက် လူဦးရေပိုများလာမယ်ဆိုတဲ့အချက်ပါပဲ။
ကမ္ဘာလုံးဆိုင်ရာအလိုက် လူ့သက်တမ်းကလည်း မကြာသေးခင်နှစ်များ အတွင်းလောက်က တိုးလာခဲ့ပါတယ်။
ပျမ်းမျှသက်တမ်းကတော့ ၇၀ ဖြစ်ပြီး ၂၀၅၀ ခုနှစ်မှာတော့ ပျမ်းမျှသက်တမ်းကို ၇၇ နှစ် ရှိ မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref:worldpopulationreview