Trend

ကမ္ဘာအနှံ့က ထူးခြားဆန်းပြားအိမ်ကြီးများ

Want create site? Find Free WordPress Themes and plugins.

လူတိုင်းက လေးထောင့်ပုံစံရှိတဲ့ သာမန်အိမ်တွေမှာပဲ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါတွေကို ပြောင်းလဲချင်တဲ့ လူတွေက ထူးဆန်းတဲ့ အိမ်တွေကို တည်ဆောက်ပြီးနေထိုင်လာကြပါတယ်။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာအနှံ့က ထူးခြားဆန်းပြား အိမ်ကြီးများကို ဖော်ပြပေးချင်ပါတယ်။

(၁) Habitat 67 (ကနေဒါ)

တိုက်တလုံးပေါ်ကို နောက်တလုံးဆင့်ပြီး အိမ်ဆောက်ဖို့ဆိုတာ ဘယ်သူကမှ အကောင်အထည်မဖော်ခင် ကနေဒါနိုင်ငံမှာ ဆောက်ခဲ့တဲ့ အိမ်ဖြစ်ပါတယ်။ အိမ်ဆောက်တဲ့ အင်ဂျင်နီယာက ဒီအိမ်ပုံစံကို သူ့ရဲ့ ဘွဲ့ယူဖို့စာတမ်းအတွက် ဆောက်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ လူတွေ နေနေပြီလို့ သိရပါတယ်။

(၂) Futuro (ဆွီဒင်)

ဆွီဒင်နိုင်ငံမှာ ရှိတဲ့ Futuro လို့ အမည်ရတဲ့ အိမ်ကို Matti Suuronen ဆိုသူက ဒီဇိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။ ဒီအိမ်ဟာ အာကာသယာဉ်ပုံစံ တည်ဆောက်ထားတာ ဖြစ်ပြီး ဒီလို အိမ်ပုံစံတွေကို ဖင်လန်နိုင်ငံမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

(၃) The Mirror House (အီတလီ)

မှန်တွေအပြည့်နဲ့ တည်ဆောက်ထားတဲ့ ဒီအိမ်ဟာ ခပ်လှမ်းလှမ်းက ကြည့်မယ်ဆိုရင် မြင်ရမှာ မဟုတ်ပါဘူး။ ကြည့်မှန်တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ကြည့်လိုက်ရင် မှန်မှာပေါ်နေတဲ့ သဘာဝရှုခင်းတွေကိုသာ မြင်ရမှာ ဖြစ်ပါတယ်။ အနီးကပ်သွားကြည့်မယ်ဆိုမှသာ ကြီးမားခန့်ညားတဲ့ အိမ်ကို မြင်ရမှာ ဖြစ်ပါတယ်။

(၄) The Stone House (ပေါ်တူဂီ)

ပေါ်တူဂီနိုင်ငံမှာ ရှိတဲ့ ဒီအိမ်ကတော့ သီးသန့်ဆန်တဲ့ အိမ်လို့ သိရပါတယ်။ ဒီအိမ်ကတော့ ရှေးကလူတွေဟာ ဂူထဲမှာ နေကြတယ်ဆိုတာကို သက်သေပြနေတဲ့ အချက်တခုလို့တောင် ဆိုနိုင်ပါတယ်။ ဒီအိမ်ကို ဘယ်သူပိုင်တယ်ဆိုတာန့ဲ လူတွေ ဘယ်နှစ်ယောက်နေကြတယ် ဆိုတာကို ဘယ်သူမှ မသိရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအရှေ့နားမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတဲ့ ဆိုင်းဘုတ်ကို တပ်ထားတာကြောင့် ဖြစ်ပါတယ်။

Ref;brightside

Did you find apk for android? You can find new Free Android Games and apps.
Loading