အရှေ့တောင်အာရှရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ Grab မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ ခရီးသည်များ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် အထူး ဗယ်လင်တိုင်း အစီအစဉ်များ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်ကတော့ ချစ်သူများနေ့မှာ Grab ကို စီးနင်းသည့်ခရီးသည်များအနေနဲ့ ချစ်ခင်သူများနဲ့ အတူ သွားလာရေး အဆင်ပြေစေရန် Grab က လျှော့ဈေး ပရိုမိုကုဒ်များနဲ့ လျှိုဝှက် ပရိုမိုကုဒ်များ စီစဉ်ထားပြီး အဆိုပါ ပရိုမိုကုဒ်များကို ကိုယ်တိုင် ရှာဖွေဖော်ထုတ် စီးနင်းရမယ်လို့ သိရပါတယ်။
အဓိက ပရိုမိုကုဒ်အနေနဲ့ ခရီးစဉ် တကြောင်းကို ၁၀၀၀ ကျပ် လျှော့ဈေးပါဝင်တဲ့ LOVE ပရိုမိုကုဒ်ကို ပေးထားပြီး ကျန်ပရိုမိုကုဒ်များကိုတော့ စီးနင်းသူ ကိုယ်တိုင် ဖော်ထုတ် စီးနင်းရမှာဖြစ်ပါတယ်။
ပရိုမိုကုဒ်များအနေနဲ့ SWEET_ _ _ _ _၊ _ _ _ ENT _ _ _ ၊ C _ _ _ _ _ A _ E စတဲ့ စာလုံးအစ၊ အလယ်၊ အဆုံးတို့ကို အရိပ်အမြွက်ပြသပေးထားမှာ ဖြစ်ပြီး ချစ်ခြင်းနဲ့ ဆက်စပ်စကားလုံးတွေကို ဖြည့်စွက် စီးနင်းရမှာ ဖြစ်ပါတယ်။
အဆိုပါ လျှော့ဈေးပါဝင်တဲ့ ခရီးစဉ်ကြောင်းရေများကတော့ ပရိုမိုကုဒ် တခုစီတိုင်းအတွက် ကန့်သတ်ချက်ရှိပြီး အဆိုပါ ပရိုမိုကုဒ် အစီအစဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် တရက်တည်းအတွက်သာ ဖြစ်တယ်လို့ သိရပါတယ်။