Felicity Kadlec လို့ အမည်ရတဲ့ အမျိုးသမီးဟာ ကြောက်စရာအရုပ်တွေကို နှစ်သက်တဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာတော့ သူမဟာ သူမရဲ့ အရုပ်မဖြစ်တဲ့ Kelly Rossi နဲ့ လက်ထပ်ခဲ့ပြီး လက်ထပ်ပွဲကို Tiverton မြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ လက်ထပ်ပွဲအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅၀၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
အဲဒီအရုပ်ကို သူမရဲ့ ဖခင်က သူမအသက် ၁၃နှစ်အရွယ်မှာ လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သူမက ပြောပါတယ်။ ယခုအချိန်မှာ အသက် ၂၀ ရှိပြီ ဖြစ်တဲ့ ဒီမိန်းကလေးဟာ အရုပ်နဲ့ လက်ထပ်ဖြစ်တဲ့ အကြောင်းအရင်းကို အခုလိုပဲ ပြောပြပါတယ်။
“သူနဲ့ လက်ထပ်တာက သူဟာ ကျမရဲ့ တသက်တာချစ်သူဆိုတာ သေချာနေလို့ပါ။” နောက်ပြီး “သူ့ကို လက်ထပ်လိုက်တဲ့အတွက် ကျမရဲ့ ဘဝက ပြည့်စုံသွားပါပြီ ” လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။ မင်္ဂလာပွဲမှာ သူမက အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး အရုပ်ကတော့ အနောက်တိုင်းဝတ်စုံတခုဖြစ်တဲ့ Tuxedo ကို ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာပွဲကို ကြောက်စရာ ဇွန်ဘီအရုပ်တွေ တက်ရောက်ခဲ့တဲ့ ပုံစံ ဖန်တီးထားပြီး သူမကိုယ်တိုင်ကလည်း အရမ်းကို ပျော်ရွှင်နေပုံပေါက်ပါတယ်။ အခုအချိန်မှာတော့ အရုပ်တွေနဲ့ သူမဟာ အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်မှာ နေထိုင်နေပြီး သူမရဲ့ မင်္ဂလာပွဲဟာ စိတ်ကူးထားတဲ့ အတိုင်း ပြီးပြည့်စုံခဲ့တယ်လို့ ပြောပါတယ်။
သူမနဲ့ အရုပ်ရဲ့ ချစ်သူသက်တမ်းဟာ ၄ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အတွက် ပိုပြီး နီးစပ်မှုရှိအောင် လက်ထပ်ပွဲကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အချစ်ရေးမှာ အရုပ်ဟာ မိန်းကလေးအရုပ် ဖြစ်နေပေမယ့် အမျိုးသားနေရာမှာ သူက ထားတယ်လို့ ဆိုပါတယ်။
သူမကို အရုပ်ဝယ်ပေးခဲ့တဲ့ သူမရဲ့ အဖေ ၂၀၁၇ ခုနှစ်မှာ သေဆုံးခဲ့ပြီး အဖေသေသွားတဲ့ နောက်မှာ သူမအရုပ်နဲ့ ပိုမိုနီးစပ်လာတာကို ခံစားရလို့ အရုပ်နဲ့ ချစ်သူတွေ အဖြစ် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို လက်ထပ်လိုက်ရတဲ့ အတွက် ပျော်ရွှင်မှု၊ လုံခြုံမှုနဲ့ ပြီးပြည့်စုံမှုကို ခံစားရတယ်လို့ သူမက ပြောပါတယ်။
Ref ; dailymail