Trend

တရုတ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ကူးတံတား

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားဖြစ်တဲ့ ပင်လယ်ကူးတံတားကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီတံတားကိုတော့ စတီးလ် တန်ချိန်ပေါင်း ၄ သိန်း ၂ သောင်းနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီ ပမာဏဟာ Effel Towers ပေါင်း အခု ၆၀ စာနဲ့ ညီမျှတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ လူဦးရေထူထပ်လာတာနဲ့အမျှ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ နေထိုင်လာကြတဲ့အတွက် အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဒေါ်လာဘီလီယံနဲ့ ချီပြီး ရင်းနှီးမြှုပ်နံှ လာကြပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေရဲ့ အဓိက ဦးတည်ရာကတော့ လူနေထိုင်ဖို့ သင့်တော်မယ့် အခြေခံ အဆောက်အအုံတွေကို ဆောက်လုပ်ပေးနိုင်ဖို့ပါ။

ဒါကြောင့်လည်း လမ်းပန်းဆက်သွယ်ရေးပါ လွယ်ကူလာအောင် ကြိုးစားလုပ်ဆောင်လာရပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ တံတားကတော့ ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်နိုင်ငံတောင်ပိုင်းမြို့ ဖြစ်တဲ့ Zhuhai ကို ဆက်သွယ်ပေးနိုင်ဖို့လို့ သိရပါတယ်။

အခု ဖွင့်လှစ်လိုက်တဲ့ ပင်လယ်တံတားကတော့ မိုင်ပေါင်း ၃၄ မိုင်အထိရှည်လျားပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံး ပင်လယ်ကူးတံတား တစင်းလည်း ဖြစ်ပါတယ်။ အဆိုပါ တံတားကို “ဟောင်ကောင် – Zhuhai – မကာအို တံတား”လို့ ခေါ်ပြီး ဒီတံတားကြီးတည်ဆောက်ပြီးခဲ့ရင်တော့ မကာအိုကနေ ဟောင်ကောင် ကို ၁ နာရီအတွင်း အရောက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီတံတားကြီးဟာ ၆ လမ်းမောင်းနိုင်တဲ့ တံတားတစင်းဖြစ်ပြီး ဥမင်ပေါင်း ၄ ခု ပါဝင်ပါတယ်။ တရက်ကို ကားအစီးရေ ၄၀၀၀၀ လောက် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပြီး နှစ်ပေါင်း ၁၂၀ လောက်ထိ အသုံးပြုနိုင်ပါလိမ့်မယ်။ ခန့်မှန်းခြေ ကုန်ကျစရိတ်ကိုတော့ ၁၅ ဘီလီယံကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီတံတားစီမံကိန်းစတဲ့အချိန်တုန်းကတော့ ကုန်ကျစရိတ်ကြီးမားတဲ့အပြင် အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းခွင်အန္တရာယ်ကြုံလာနိုင်တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ တကယ် ဆောက်လုပ်တဲ့အခါမှာလည်း အလုပ်သမား ၂ ဦး သေဆုံးခဲ့ရပါတယ်။

ဒုတိယအရှည်ဆုံး တံတားကိုတော့ ၂၀၁၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ၂၆ ဒဿမ ၃ မိုင်ရှည်လျားပါတယ်။ အဲဒီတံတားအတွက် ဒေါ်လာ ၁ ဒဿမ ၅ဘီလီယံ အကုန်အကျခံ တည်ဆောက်ခဲ့ပြီး Huangdao ဆင်ခြေဖုံးကနေ Qingdao အရှေ့ပိုင်းကမ်းရိုးတန်းမြို့နဲ့ ချိတ်ဆက်ထားပါတယ်။

အခုတည်ဆောက်နေတဲ့တံတားကလည်း ဒီနှစ်ထဲမှာပြီးမယ်လို့မျှော်လင့်ထားပြီး တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့သယ်ယူပို့ဆောင်ရေး စီမံကိန်းတခုပါ။ ၂၀၁၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတွေကို ဆောင်ရွက်လာပြီး မိုင်ပေါင်း ၂၁၈၀ မိုင်အထိ တိုးချဲ့သွားဖို့ ရှိနေပါတယ်။

Ref : businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading