ကမ္ဘာပေါ်မှာ အရုပ်ဆိုး အကျည်းတန်တဲ့ မြို့ပေါင်းများစွာ ရှိပါတယ်။ အဲဒီနေရာတွေဟာ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု မရှိဆံ ေးနေရာတွေပါပဲ။ ဘယ်နေရာတွေဟာ ကမ္ဘာ့အကျည်းတန် အရုပ်အဆိုးဆုံးနေရာတွေလဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) ဂွာတီမာလာမြို့
ဂွာတီမာလာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဂွာတီမာလာမြို့ဟာ သာမန် လက်လုပ်လက်စားတွေ အများစု နေထိုင်တဲ့ မြို့ပါ။ ရာဇဝတ်မှုတွေကလည်း အချိန်တိုင်းလိုလို ဖြစ်နေပြီး ပြိုကျခါနီး အဆောက်အဦတွေကလည်း ဂွာတီမာလာမြို့ကို ပိုပြီး အကျည်းတန်စေပါတယ်။
(၂) မက္ကဆီကိုမြို့
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မက္ကဆီကိုမြို့ကလည်း ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မြို့တမြို့ ဖြစ် သလို ကြီးမားတဲ့ လေထုညစ်ညမ်းမှု ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ မြို့ပါ။
(၃) အာမန်မြို့
ဂျော်ဒန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ အာမန်မြို့ကတော့ သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာတွေမှာ လေ့လာစရာတွေ အများကြီးပါပဲ။ ဒါပေမယ့်လည်း အာမန်မြို့ဟာ ပြိုကျလုလု အဆောက်အဦတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ လမ်းမတွေကြောင့် အကျည်းတန်တဲ့ မြို့စာရင်းထဲ ပါဝင်ခဲ့ရပါတယ်။
(၄) ကရာကပ်မြို့
ဗင်နီဇွဲလား အမျိုးသမီးတွေဟာ ကမ္ဘာပေါ်မှာတော့ အချောဆုံးစာရင်းဝင်တဲ့ အမျိုးသမီးတွေပါ။ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကြောင့် ဗင်နီဇွဲလားနိုင်ငံကို လူသိများကြပါတယ်။ ဒါပေမယ့်လည်း မြို့တော်ဖြစ်တဲ့ ကရာကပ်ကတော့ စိတ်ပျက်စရာပါပဲ။ ယာယီနေထိုင်ဖို့ အဆင်ပြေရုံ ဆောက်လုပ်ထားတဲ့ အိမ်တွေကြောင့် ကရာကပ်မြို့ဟာ ပိုပြီးအကျည်းတန်နေပါတယ်။
(၅) လွမ်ဒါ
အန်ဂိုလာနိုင်ငံရဲ့ လွမ်ဒါမြို့တော်ဟာ မကြာသေးခင်ကမှ အာဖရိကရဲ့ စီးပွားရေးမြို့တော် ဖြစ်လာခဲ့ပါ တယ်။ ဒါပေမယ့်လည်း ဖြစ်သလိုဆောက်ထားတဲ့ အဆောက်အဦ တလုံးရဲ့တန်ဖိုးဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ဈေးကြီးလွန်းနေရုံသာမက အရုပ်လည်း ဆိုးလွန်းပါတယ်။
Ref : ucityguides