ဒီနေ့ခေတ်မှာ ပိုပြီးခေတ်စားလာတာကတော့ မမနဲ့ မောင်လေး အတွဲတွေပဲ ဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း သူတို့ထက် ငယ်ရွယ်တဲ့ အမျိုးသမီးတွေထက် ပိုပြီး သူတို့ထက် အသက်ကြီးတဲ့ သူတွေကို သဘောကျတယ်လို့ ဝန်ခံထားကြပါတယ်။ အမျိုးသားတွေဟာ ဘာကြောင့် သူတို့ထက် အသက်ကြီးတဲ့ မမတွေကို ပိုပြီး သဘောကျရတယ် ဆိုတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သူတို့ လိုချင်တာကို သိခြင်း
အမျိုးသားတွေက မမတွေကို ပိုပြီး သဘောကျရတဲ့ အကြောင်းအရင်းကတော့ သူတို့ လိုချင်တာတွေကို သိနေလို့ ဖြစ်ပါတယ်။ သူတို့ ဘာတွေ ဖြစ်ချင်တယ်ဆိုတာကို မမတွေက ညီမလေးတွေထက် ပိုသိပြီး တည်တည်ငြိမ်ငြိမ်နဲ့ လမ်းညွှန်ပေးတတ်ခြင်းနဲ့ အေးဆေးစွာ နေတတ်ခြင်းတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
(၂) ဘဝအကြောင်းကို ပိုသိခြင်း
မမတွေဟာ အသက်ပိုကြီးတဲ့ အတွက် ဘဝအကြောင်း၊ အချစ်ရေး စတာတွေကို ပိုပြီး သိကြပါတယ်။ အမျိုးသားတွေ အနေနဲ့ သူတို့ တခါမှ မသိဖူးတဲ့ အရာတွေကို မမတွေဆီက သင်ယူနိုင်တာကြောင့်လည်း မမတွေကို ပိုပြီး သဘောကျရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မမတွေဟာ ပိုပြီး ရင့်ကျက်တဲ့ အတွက် အမျိုးသားတွေကို သူတို့ လိုချင်တဲ့ ဘဝရည်မှန်းချက်တွေ ရအောင် ကူညီပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။
(၃) အမှီအခို ကင်းခြင်း
ညီမလေးတွေက လူတွေရဲ့ စိတ်ဝင်စားမှုခံချင်တာမျိုး သင့်ရဲ့ ဂရုစိုက်မှုကို တချိန်လုံးလိုချင်တာတွေနဲ့ သဝန်တိုတာတွေ ဖြစ်နေတဲ့ အချိန်မှာ မမတွေကတော့ အဲဒီအချက်တွေ မရှိသလောက်နည်းတာကို တွေ့ရမှာပါ။ မမတွေဟာ သူတို့ကို သူတို့ ယုံကြည်မှုရှိပြီးသား ဖြစ်ပြီး တော်ရုံတန်ရုံ အကူအညီတွေ မလိုအပ်ပါဘူး။ ငွေရေးကြေးရေးအရရော စိတ်ခံစားချက်တွေ အရပါ အမှီအခိုကင်းကင်းနေတတ်သူတွေ ဖြစ်လို့ အမျိုးသားတွေက ပိုမိုသဘောကျရခြင်းဖြစ်ပါတယ်။
(၄) မိခင်ဆန်ခြင်း
အမျိုးသားတွေအနေနဲ့ မမတွေကို ပိုမိုသဘောကျရတဲ့ အကြောင်းအရင်းကတော့ သူတို့ ဂရုစိုက်စေချင်လို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ မမတွေဟာ အမျိုးသားတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာရော ခံစားချက်ပိုင်းဆိုင်ရာမှာပါ နွေးထွေးမှုကို ပေးနိုင်သူတွေ ဖြစ်ပါတယ်။ မိခင်တယောက်လို ဆုံးမသွန်သင်နိုင်ပြီး လမ်းမှန်ကို နားလည်အောင် ပြောပြတတ်လို့ အမျိုးသားတွေက မမတွေကို ပိုသဘောကျတာဖြစ်တယ်လို့ ဆိုပါတယ်။
(၅) အိမ်ထောင်မှု နိုင်နင်းခြင်း
မမတွေကို သဘောကျရတဲ့ နောက်ထပ်အကြောင်းအရင်းတခုကတော့ အိမ်ထောင်မှုနိုင်နင်းလို့ ဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ ကျွမ်းကျင်ခြင်းကြောင့်လည်း ဖြစ်တယ်လို့ အမျိုးသားတွေက ဆိုပါတယ်။ ညီမလေးတွေက စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်ချင်တဲ့ အချိန် မမတွေကတော့ အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြီး စောင့်ကြိုနေမှာ ဖြစ်လို့ မမတွေကို ပိုပြီး လိုအပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ငွေကြေးကို ထိန်းသိမ်းရာမှာလည်း ကောင်းမွန်တာကြောင့် မမတွေကို ပိုပြီး သဘောကျခြင်းဖြစ်ပါတယ်။
Ref ; brightside