Trend

ကမ္ဘာပေါ်က အလှဆုံး မိန်းမပျိုတွေ ရှိတဲ့ နိုင်ငံ ၂၀

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ တနိုင်ငံချင်းစီရဲ့ လူမျိုး တယောက်ချင်းစီတိုင်းဟာ ကိုယ်ပိုင်အလှတွေ ပိုင်ဆိုင်ကြပါတယ်။ လှခြင်း၊ မလှခြင်းကို တိုင်းတာတဲ့ နေရာမှာလည်း တယောက်ချင်းစီရဲ့ အမြင်တွေ မတူကြပါဘူး။ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးကို နှစ်သက်တဲ့သူတွေ ရှိသလို၊ ကိုယ်လုပ်ချင်တဲ့အရာကို ရဲရဲဝံ့ဝံ့ လုပ်ရဲတဲ့ မိန်းကလေးမျိုးကို သဘောကျတဲ့သူတွေလည်းရှိပါတယ်။

အားလုံးရဲ့ အမြင် မတူနိုင်ပေမယ့်လည်း ဘက်ပေါင်းစုံက ကျွမ်းကျင်သူတွေရဲ့ ဆုံးဖြတ်ချက်အရ ကမ္ဘာပေါ်က အလှဆုံး မိန်းမပျိုတွေရှိတဲ့ နိုင်ငံတွေကို သတ်မှတ်ခဲ့ကြပါတယ်။ ဒီသတ်မှတ်ချက်ဟာ သိပ္ပံနည်းကျ လေ့လာထားတာမျိုး မဟုတ်ဘဲ အပေါ်ယံ ရုပ်ရည်ကိုပဲ လေ့လာခဲ့ကြတာမို့ စာဖတ်သူတွေနဲ့ သဘောထားကွဲလွဲတာမျိုးလည်း ရှိနိုင်ပါတယ်။

နိုင်ငံတိုင်းက မိန်းကလေးတွေကတော့ အားလုံးရဲ့ အမြင်မှာ လှနေကြတာပါ။ ဘယ်သူက ပိုချောတယ်၊ မချောဘူး မရှိပေမယ့် တချို့နိုင်ငံတွေမှာ အလှပဂေးတွေ အများကြီးရှိတယ်ဆိုတာ လက်မခံလို့တော့ မရပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပနေတဲ့ အလှမယ်ပြိုင်ပွဲတွေမှာ ဆုအများဆုံး ဆွတ်ခူးထားတဲ့ နိုင်ငံတွေ၊ ပြိုင်လိုက်တိုင်း ထိပ်ဆုံး စာရင်းဝင်ဖြစ်နေတဲ့ ထိတ်ထိတ်ကြဲ နိုင်ငံတွေ ရှိပါတယ်။

အလှမယ်ရွေးချယ်ရေး အဖွဲ့အစည်းတွေထဲက ကျွမ်းကျင်ပညာရှင်တွေကနေ ၂၀၁၈ ခုနှစ်အတွင်း အလှဆုံးအဖြစ် သတ်မှတ်နိုင်တဲ့ အလှမယ်တွေကို ရွေးချယ်ခဲ့ပြီး သူတို့ ကိုယ်စားပြုနိုင်ငံတွေကို ကမ္ဘာပေါ်မှာ အချောဆုံး မိန်းကလေးတွေရှိတဲ့ နိုင်ငံ ၂၀ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အဆင့် (၂၀) နယ်သာလန်
အဆင့် (၁၉) သြစတြီးယား
အဆင့် (၁၈) ဘီလာရုစ်
အဆင့် (၁၇) ဂျမေကာ
အဆင့် (၁၆) သြစတေးလျ
အဆင့် (၁၅) ဘရာဇီး
အဆင့် (၁၄) ပိုလန်
အဆင့် (၁၃) ဂျပန်
အဆင့် (၁၂) ရိုမေးနီးယား
အဆင့် (၁၁) နီပေါ
အဆင့် (၁၀) ယူအက်စ်
အဆင့် (၉) ကိုလံဘီယာ
အဆင့် (၈) အင်ဒိုနီးရှား
အဆင့် (၇) ပြူတိုရီကို
အဆင့် (၆) ထိုင်း
အဆင့် (၅) ဗီယက်နမ်
အဆင့် (၄) တောင်အာဖရိက
အဆင့် (၃) မက္ကဆီကို
အဆင့် (၂) ဖိလစ်ပိုင် နဲ့
အဆင့် (၁) ဗင်နီဇွဲလားနိုင်ငံတို့ ရရှိသွားပါတယ်။

ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးတွေ ရှိတဲ့နိုင်ငံတွေကို ပြိုင်ပွဲတွေပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာ လှပမှုတခုတည်းကို ရွေးချယ်ထားတာ ဆိုပေမယ့် အဆင့် ၂၀ ထဲ မပါတဲ့နိုင်ငံတွေမှာလည်း မိန်းမချောလေးတွေ ကျန်ရှိနေပါသေးတယ်။

မိန်းကလေးတယောက်ရဲ့ လှပမှုကို ရုပ်ရည်၊ စိတ်နေစိတ်ထား၊ ကျွမ်းကျင်မှုတွေပါ ပေါင်းစပ်ရွေးချယ်မယ်ဆိုရင်တော့ ဘယ်နိုင်ငံမှ သာတယ်၊ မသာဘူး မဆုံးဖြတ်နိုင်တာမို့ ရွေးချယ်လို့ရမယ် မထင်ပါဘူး။ ဒါကြောင့် အလှအပဆိုတာ ကြည့်သူ့ရဲ့ အမြင်ပေါ်မှာပဲ မူတည်တယ်လို့ ဆိုကြပါတယ်။

နိုင်ငံတနိုင်ငံချင်းစီနဲ့ ယဉ်ကျေးမှု တခုချင်းစီတိုင်းမှာ စိတ်ထားရော၊ ရုပ်ရည်ပါ လှတဲ့ မိန်းကလေးတွေ ရှိနေကြတာကို အသိအမှတ်ပြုရင်း ၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးတွေ ပိုင်ဆိုင်ထားတဲ့နိုင်ငံများစာရင်းကို ထုတ်ပြန်လိုက်ရပါတယ်လို့ ရွေးချယ်ရေး ပညာရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: ELITE READERS

Loading