ကျောင်းပညာရေးမှာ ညံ့ဖျင်းခဲ့ကြပေမယ့် ကမ္ဘာကျော် ဖြစ်လာသူများ
ကျောင်းပညာရေးပိုင်းမှာ ညံ့ဖျင်းလို့ တဘဝလုံး အဖတ် ဆယ်မရအောင် နိမ့်ကျသွားတာမျိုးတော့ မဟုတ်ပါဘူး။ ကျောင်းပညာရေးပိုင်းမှာ ထူးချွန်တယ်ဆိုတာကလည်း ဘဝရဲ့ တစိတ်တပိုင်းလောက်သာဖြစ်ပြီး အခုဖော်ပြပေးမယ့်သူတွေကတော့ ကျောင်းစာမှာ ညံ့ဖျင်းခဲ့ကြပေမယ့် နယ်ပယ်အသီးသီးမှာ အောင်မြင်ထင်ရှားနေကြတဲ့ ကမ္ဘာကျော်တွေပဲ ဖြစ်ပါတယ်။
(၁) Mark Zuckerberg
Mark Zuckerberg ဟာဆိုရင် ဟားဗတ်တက္ကသိုလ်မှာ ကျောင်းတက်နေစဉ်အတွင်း လက်ရှိအချိန်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အသုံးပြုနေကြတဲ့ Facebook ကို စတင်ပြုလုပ်ခဲ့ပါတယ်။ သူလုပ်ချင်တဲ့ အရာတခုကိုသာ စွဲစွဲမြဲမြဲ လုပ်ကိုင်တတ်တာကြောင့် ကျောင်းပညာရေးမှာ ညံ့ဖျင်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူဟာ ကမ္ဘာ့အချမ်းသာဆုံးသူတွေထဲက တဦးဖြစ်နေပြီပဲ ဖြစ်ပါတယ်။
(၂) Walt Disney
ကမ္ဘာကျော် ကာတွန်းရုပ်ရှင်ကုမ္ပဏီ Disney ရဲ့ဖခင်ကြီး Walt Disney ဟာဆိုရင် အသက် ၁၆ နှစ်မှာ စစ်တပ်ထဲကို ဝင်ချင်တာကြောင့် ကျောင်းကထွက်ခဲ့ပေမယ့် အသက်မပြည့်တာကြောင့် ငြင်းပယ်ခံလိုက်ရပါတယ်။ သူ့ဘဝတလျှောက်လုံးမှာ လူနာတင်ယာဉ်မောင်းတဲ့ ဒရိုင်ဘာအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပြီး ကြမ်းတမ်းတဲ့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေကလည်း ယနေ့အထိတိုင်ပဲ ဖြစ်ပါတယ်။
(၃) Bill Gates
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ၁၁ နှစ်တိုင်တိုင် ထိပ်ဆုံးကနေ ရပ်တည်နေနိုင်ခဲ့တဲ့ Microsoft ကို တည်ထောင်ခဲ့သူ Bill Gates ဟာဆိုရင် ဟားဗတ်တက္ကသိုလ်ကနေ ထွက်ခဲ့သူတွေထဲမှာ နာမည်ကျော် ထင်ရှားသူတဦးလည်း ဖြစ်ပါတယ်။ ကျောင်းကနေထွက်ပြီး နှစ်ပေါင်း ၃၀ အကြာ ၂၀၀၇ ခုနှစ်မှာတော့ ဟားဗတ်တက္ကသိုလ်ကို ပြန်လည် တက်ရောက်ခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။
(၄) Richard Branson
ကမ္ဘာကျော် စီးပွားရေးဂုရုကြီး Richard Branson ဟာဆိုရင် အသက် ၁၆ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး သူဟာ ငယ်စဉ်ကတည်းက Dyslexia လို့ခေါ်တဲ့ ဦးနှောက်ချို့ယွင်းမှုရောဂါကို ခံစားခဲ့ရတာကြောင့် စာသင်ကျောင်းမှာ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့ခဲပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ Virgin group ရဲ့ Founder လည်းဖြစ်သလို CEO လည်းဖြစ်ပြီး အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တဦးလည်း ဖြစ်ပါတယ်။
Ref : www.goalexandria.com