Trend

သင့်ရဲ့ အကျင့်ဆိုးတွေကို ပြင်ဆင်ဖို့ လိုက်နာရမယ့် အရာများ

Want create site? Find Free WordPress Themes and plugins.

လူတိုင်းမှာ အကျင့်ဆိုးတွေကတော့ ရှိမြဲပါပဲ။ အစားအသောက် မဆင်ခြင်တာ၊ ဆေးလိပ် အရက် သောက်တာ၊ လေ့ကျင့်ခန်းမလုပ်တာ စသဖြင့် အစုံပါပဲ။ မကောင်းတဲ့ အကျင့်တွေက တဖြည်းဖြည်းနဲ့ သင့်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာတတ်ပါတယ်။

ဦးနှောက်ကလည်း လုပ်နေကျ မကောင်းတဲ့ အကျင့်တွေကို နေ့စဉ်ပုံမှန် လုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့အတွက် နှိုးဆော်လာပါတော့တယ်။ ဒီလို အကျင့်ဆိုးတွေ ပျောက်သွားဖို့ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆင်ခြေပေးတာကို ပြင်ပါ

သင်ကောင်းတာတခုကို လုပ်ရင် သင့်ကိုယ်သင် ဆုချသလိုမျိုး သင်မကောင်းတာ တခုကို လုပ်ရင်လည်း သင့်ကိုယ်သင် အပြစ်ပေးပါ။ အရက်မသောက်တော့ဘူးဆို ဆုံးဖြတ်ထားရက်နဲ့ သင်စကားကိုသင် မလိုက်နာဘဲ ဆင်ခြေပေးပြီး ဖောက်ဖျက်မိတယ်ဆိုရင် သင့်ကိုယ်သင် အပြစ်ပေးဖို့နဲ့ ဆင်ခြေပေးတဲ့ အကျင့်ကို ပြင်ဖို့ လိုအပ်ပါတယ်။

(၂) ဖြည်းဖြည်းချင်း ပြင်ပါ

အကျင့်ဆိုးတွေ သင့်မှာ စွဲကပ်လာဖို့ အချိန်လိုခဲ့သလိုပဲ အဲဒီအကျင့်တွေကို ပြင်တဲ့ အခါမှာလည်း အချိန်ပေးဖို့ လိုအပ်ပါတယ်။ မဖြစ်နိုင်ကို ချက်ချင်းလုပ်မယ့်အစား နေ့တိုင်းနေ့တိုင်းမှာ ဖြေးဖြေးချင်းပြင်ဆင်သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဥပမာ တနေကုန်လုံးမှ ဆေးလိပ်တလိပ်ပဲ သောက်တော့မယ်လို့ ဆုံးဖြတ်ထားပြီး တဖြည်းဖြည်းနဲ့ ဆေးလိပ်ဖြတ်တာမျိုးက သင့်အတွက် ပိုကောင်းပါလိမ့်မယ်။

(၃) အထောက်အပံ့ပေးတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ပါ

သင့်လိုပဲ အကျင့်ဆိုးတွေကို ပြင်ပြီး ကောင်းမွန်တဲ့ ဘဝကို ရောက်အောင် ကြိုးစားနေကြသူတွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အုပ်စုလိုက်ဖွဲ့စည်းပြီး စကားဝိုင်းပြုလုပ်တာတွေ နည်းနေသေးတာကို မြင်ရပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ အဲဒီလို အဖွဲ့အစည်းတွေ ရှိပြီး အတွေ့အကြုံမျှဝေခြင်း၊ ပိုမိုကောင်းမွန်တဲ့ ဘဝကိုရရှိအောင် အားပေးခြင်း တွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်ကိုယ်တိုင်က သင့်ရဲ့ အကျင့်ဆိုးတွေကို ပြင်နိုင်မယ်လို့ မထင်ဘူးဆိုရင် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အကြံဉာဏ်တွေကို ယူလို့ ရပါသေးတယ်။

Ref; lifehack.com

Did you find apk for android? You can find new Free Android Games and apps.
Loading