သွေးအမျိုးအစားပေါ် မူတည်ပြီး ဂရုစိုက်သင့်တဲ့ အလှအပရေးရာများ
လူတဦးနဲ့တဦးဟာ သွေးအမျိုးအစားချင်း မတူညီကြသလို ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းလည်း မတူညီတာကြောင့် ကျန်းမာရေးထိန်းသိမ်းမှုပုံစံနဲ့ အလှအပရေးရာ ပြင်ဆင်မှုပုံစံကလည်း ကွဲပြားခြားနားကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ပျိုမေတွေအတွက် သွေးအမျိုးအစားပေါ် မူတည်ပြီး ဂရုစိုက်သင့်တဲ့ အလှအပရေးရာ အကြောင်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
(၁) A သွေး
အေသွေးပိုင်ရှင် အများစုဟာ ချွေးထွက်နည်းပြီး အဆီပြန်တဲ့ အသားအရေမျိုးကို မပိုင်ဆိုင်ထားတာကြောင့် ပုံမှန်အားဖြင့် အသားအရေကောင်းတယ်လို့ ပြောလို့ရပါတယ်။ နဂိုအရင်းခံ အသားအရေကောင်းသူတွေ ဖြစ်တာကြောင့် မိတ်ကပ်တွေ အများကြီး လိမ်းစရာမလိုဘဲ Skin Care ပစ္စည်းတွေကိုပဲ ဂရုတစိုက် လိမ်းပေးရုံနဲ့တင် မျက်နှာအသားအရေက စိုပြည်ကြည်လင်နေမှာ ဖြစ်ပါတယ်။
(၂) B သွေး
ဘီသွေးပိုင်ရှင်တွေကတော့ Sensitive (ထိခိုက်ပျက်စီးလွယ်) တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ထားတာကြောင့် အလှကုန်ပစ္စည်းတွေ သုံးစွဲရာမှာ အထူးပဲ ဂရုစိုက်သင့်ပါတယ်။ Alcohol ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပြီး အမွေးနံ့ သိပ်မပါတဲ့ ပစ္စည်းမျိုးတွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေ ဖြစ်တာကြောင့် တပတ်တခါလောက် Scrub တွေကို သုံးစွဲပေးသင့်ပါတယ်။
(၃) O သွေး
အိုသွေးပိုင်ရှင်တွေကတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ကြသလို ချွေးပေါက်ကျယ်တဲ့ အသားအရေမျိုးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် မျက်နှာသစ်ဆေးတွေ ရွေးချယ်ရာမှာ Gel Type အမျိုးအစားမျိုးကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ မိတ်ကပ် လိမ်းချယ်ရာမှာ SPF ပါဝင်တဲ့ အမျိုးအစားမျိုးကို ရွေးချယ်သုံးစွဲသင့်ပြီး မျက်နှာအလှ ပိုမိုပေါ်လွင်ဖို့အတွက် Eyeliner ကို အဓိကထား ပြင်ဆင်သင့်ပါတယ်။
(၄) AB သွေး
အေဘီသွေး ပိုင်ရှင်တွေအနေနဲ့ အလှကုန်ပစ္စည်းတွေ ရွေးချယ် သုံးစွဲရာမှာ သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ Natural Product မျိုးကို သုံးစွဲသင့်ပါတယ်။ ရေပူနဲ့ မျက်နှာသစ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပြီး မျက်နှာအသားအရေ အာဟာရဓာတ် ပြည့်ဝစေဖို့အတွက် ကြက်ဥကို အသုံးပြုပြီး ပေါင်းတင်ခြင်းမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
Ref : beauty.allwomenstalk.com