လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ နေ့စဉ်လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် စကားပြောကောင်းဖို့နဲ့စကားပြောကောင်းခြင်း အတတ်ပညာဟာ အရေးပါလှပါတယ်။ ဆိုရှယ်မီဒီယာတွေ ဘယ်လိုပင် ခေတ်စားနေပေမယ့် လက်တွေ့ဘဝမှာ စကားပြောကောင်းသူတဦးဖြစ်စေဖို့ လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) များများနားထောင်ပါ
ကိုယ်တိုင်က စကားပြောကောင်းသူတဦးဖြစ်ဖို့အတွက် တခြားသူပြောတာတွေကို နားထောင်ခြင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။ စကားပြောကောင်းခြင်းနဲ့ နားထောင်တတ်တဲ့စွမ်းရည်ဟာ ဆက်စပ်မှုရှိနေပြီး စကားပြော ကောင်းဖို့အတွက် တခြားသူတွေရဲ့ ပြောဆိုပုံတွေကို အရင်လေ့လာသင်ယူသင့်ပါတယ်။
(၂) ကျစ်ကျစ်လစ်လစ်နဲ့ တိုတိုရှင်းရှင်းသာ ပြောဆိုပါ
စကားပြောတဲ့အခါ မလိုအပ်ဘဲ ရှည်လျားနေရင် တဖက်လူရဲ့စိတ်ဝင်စားမှုက လျော့နည်းလာနိုင်သလို ငြီးငွေ့စရာ လည်း ကောင်းလှပါတယ်။ တဖက်လူက မိမိပြောစကားတွေကို စိတ်ဝင်စားမှုရှိအောင်လို့ စကားပြောတဲ့အခါ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ထိန်းသိမ်းပြောဆိုသင့်ပါတယ်။
(၃) ကိုယ်အမူအရာတွေကို ထည့်သွင်းပြောဆိုပါ
စကားချည်းသက်သက် ပြောဆိုတာဟာ နည်းနည်းတော့ ပျင်းစရာကောင်းလှပါတယ်။ လူအများကြားစကား ပြောတဲ့အခါ မိမိရဲ့ Body Language ကို အသုံးပြုပြီး ပြောဆိုခြင်းကလည်း စကားပြောကောင်းသူအများစုမှာ တွေ့ရတတ်တဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။
(၄) တဖက်လူအကြောင်းကို မေးမြန်းပြီး စကားပြောခွင့်ပေးပါ
တခါတရံမှာ တယောက်တည်းကချည်းပဲ စွတ်ပြောနေတဲ့ စကားပြောဆက်ဆံပုံမျိုးကို တွေ့ဖူးကြမှာပါ။ နားထောင်နေ သူအဖို့လည်း ငြီးငွေ့စေနိုင်တဲ့အပြင် စိတ်ကျဉ်းကျပ်မှုကိုလည်း ခံစားရစေနိုင်တာကြောင့် တဖက်လူအကြောင်း ကိုလည်း မေးမြန်းပြီး စကားပြောခွင့်ပေးခြင်းက ကောင်းမွန်တဲ့ စကားပြောဆက်ဆံမှုမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။
(၅) တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် ပြောဆိုပါ
စကားပြောကောင်းသူတွေ ပြောဆိုတဲ့အခါ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်ငယ်လေးတွေကို ကြားညှပ်ပြောဆို တတ်ကြသလို ဟာသတွေလည်း ထည့်သွင်းပြောဆိုတတ်ကြပါတယ်။ ဒါဟာ နားထောင်သူကို မငြီးငွေ့စေနိုင်သလို ပိုပြီးစိတ်ဝင်စားဖို့ကောင်းစေပါတယ်။
Ref. www.extension.harvard.edu