အမျိုးသားတွေဟာ အမျိုးသမီးတွေကို တွေ့ရင် ဟိုဟိုဒီဒီ ကြည့်တတ်သလိုပဲ အမျိုးသမီးတွေကလည်း အမျိုးသားတွေကို လိုက်ကြည့်လေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အမျိုးသားတွေရဲ့ ဆံပင်ပုံစံ၊ အဝတ်ဝတ်ပုံ စတာတွေကို ကြည့်တတ်ကြတယ်လို့ ဆိုပါတယ်။
အခုဖော်ပြပေးချင်တာကတော့ အမျိုးသမီးတယောက်က အမျိုးသားတယောက်ကို ပထမဆုံးတွေ့တဲ့ အချိန်မှာ ဘာတွေကို ကြည့်တတ်လဲ ဆိုတာပဲ ဖြစ်ပါတယ်။
(၁) အဝတ်အစား
အမျိုးသမီးတွေက အမျိုးသားတယောက်ကို ပထမဆုံးတွေ့တဲ့ အခါမှာ အဝတ်အစားကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ အချိန်အခါနဲ့ သင့်လျော်တဲ့ အဝတ်အစားကို ဝတ်တတ်သူတွေကို သဘောကျလေ့ရှိတယ်လို့ ဆိုပါတယ်။
ဥပမာ ကမ်းခြေကို အနောက်တိုင်းဝတ်စုံနဲ့ လည်နေတဲ့ အမျိုးသားတယောက်ဟာ သာမန်ထက် ထူးခြားနေပုံပေါ်ပေမယ့် အချိန်အခါအလျှောက် မဝတ်စားတတ်လို့ အမျိုးသမီးတွေအနေနဲ့ အဲ့လိုအမျိုးသားကို စကားပြောဖို့ အခွင့်အရေးတောင် ပေးလေ့မရှိဘူးလို့ သိရပါတယ်။ အမျိုးသမီးတွေက ဝတ်တတ်စားတတ်တဲ့ အမျိုးသားတွေကို ပိုပြီး သဘောကျလေ့ ရှိတယ်လို့ ဆိုပါတယ်။
(၂) ဆံပင်ပုံစံ
အဝတ်အစားကို ကြည့်ပြီးရင်တော့ ဒုတိယအရာက ဆံပင်ပုံစံဖြစ်ပါတယ်။ အမျိုးသမီးတွေလည်း လူမျိုးစုံစိတ်မျိုးစုံရှိ တာကြောင့် ဆံပင်အရှည်ဖြစ်ဖြစ် အတိုဖြစ်ဖြစ် ဖြောင့်တာရော ကောက်တာကိုပါ ကြိုက်လေ့ရှိပေမယ့် အဓိက အရေးကြီးတာကတော့ ဆံပင်က သန့်ရှင်းနေဖို့ပါပဲ။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးလိမ်းထားသူတွေကို အမျိုးသမီးတွေက သဘောကျလေ့ရှိပါတယ်။
(၃) လမ်းလျှောက်ပုံ
အမျိုးသမီးတွေဟာ ယုံကြည်မှုရှိရှိနဲ့ လမ်းလျှောက်တဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အကြောင်းရင်း ကတော့ သူတို့ဟာ အောင်မြင်မှုတခုခုကို ရရှိထားပုံပေါက်လို့ ဖြစ်တယ်လို့ သိရပါတယ်။ ခါးကို ကိုင်းပြီး လမ်းလျှောက်လေ့ရှိတဲ့ အမျိုးသားတွေနဲ့ လူတွေကို ညှိုးငယ်တဲ့ ပုံစံနဲ့ ကြည့်ပြီး လမ်းလျှောက်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက သဘောမကျဘူးလို့ ဆိုပါတယ်။
အဲဒီလို လမ်းလျှောက်တဲ့ အမျိုးသားတွေဟာ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းနည်းပါးပြီး အချစ်ရေးမှာလည်း အားကိုးရမယ့် ပုံစံမရှိတာကြောင့် သဘောမကျတာဖြစ်တယ်လို့ သိရပါတယ်။
(၄) ခန္ဓာကိုယ်အချိုးအစား
ခန္ဓာကိုယ်အချိုးအစားကို ကြည့်တဲ့ အခါမှာတော့ အမျိုးသမီးတွေ လှပတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေကို သဘောကျလေ့ရှိပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွဲဖော်အဖြစ် တွဲရတော့မယ်ဆိုရင်တော့ အရမ်းတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး အလှအပကို အရမ်းဂရုစိုက်မယ့် ပုံစံတွေကို ဝေးဝေးက ရှောင်ကြပါတယ်။
မိသားစုအပေါ် တန်ဖိုးထားမယ့် ပုံပေါက်တဲ့ အမျိုးသားတွေကို ရွေးချယ်ကြပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း ဝလာတဲ့ အမျိုးသားတွေကိုလည်း သဘောကျလေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
(၅) တင်ပါး
အမျိုးသားတွေပဲ တင်ပါးကို လိုက်ကြည့်တတ်တယ်လို့ မထင်ပါနဲ့။ အမျိုးသမီးတွေဟာလည်း တင်ပါးကြီးတဲ့ အမျိုးသားတွေကို လိုက်ပြီး ကြည့်လေ့ရှိပါတယ်။ မလွှဲမသွေကြည့်ကြတဲ့ အရာထဲမှာ တင်ပါးက မပါမဖြစ် ပါနေတယ်လို့ အမျိုးသမီး ၁၀ယောက်မှာ ၉ ယောက်က ဝန်ခံထားပါတယ်။ လှပပြီး ကျစ်လစ်တဲ့ တင်ပါးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။
Ref;lifehack