အမေရိကန်နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ မွန်တာနာပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုအများဆုံး ပြည်နယ်တပြည်နယ်ပါ။ မိမိကိုယ်ကိုသတ်သေမှုအမြင့်ဆုံး အရွယ်ကတော့ အသက် ၈၅ နှစ်အထက်လူကြီးပိုင်းတွေဖြစ်ပြီး ၁၉ ဒဿမ ၃ ရာခိုင်နှုန်းအထိရှိပါ တယ်။
နောက်ထပ် အသက် ၄၅ နှစ်နဲ့ ၆၄ နှစ်နှစ်ကြား လူလတ်ပိုင်းအရွယ်တွေကတော့ ကိုယ့်ကိုယ် ကိုသတ်သေမှုနှုန်း ဒုတိယအများဆုံးဖြစ်ပြီး ၁၉ ဒဿမ၂ ရာခိုင်နှုန်းရှိပါတယ်။ ငယ်ရွယ်သူတွေအနေ နဲ့ကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု အနည်းဆုံးပမာဏရှိနေပြီး ၁၁ ဒဿမ ၆ ရာခိုင်နှုန်းသာ ရှိပါ တယ်။
အဲဒီလိုသတ်သေသူအများစုမှာတော့ လူဖြူတွေကအများဆုံးဖြစ်ပြီး အမေရိကန်မှာနေထိုင်တဲ့ လက်တင်အမေရိက နိုင်ငံသားတွေနဲ့ အာရှ ၊ ပစိဖိတ်ကလာရောက်နေထိုင်ကြသူတွေလည်း ကိုယ့် ကိုယ်ကိုအဆုံးစီရင်လေ့ရှိကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ တချို့ ပြည်နယ်တွေမှာဆိုရင်တော့ လူအယောက် ၁ သိန်းမှာ ၁၄ ယောက်နှုန်း လောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်လေ့ရှိနေကြပြီး မွန်တာနာပြည်နယ်မှာ ဆိုရင် တော့ ၁ သိန်းမှာ ၂၉ ယောက်နှုန်းလောက်က ကိုယ့်ကိုယ်ကိုအဆုံးစီရင်လေ့ရှိပါတယ်။
အခုလို အမေရိကန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုှုနှုန်းမြင့်တက်နေရတဲ့အကြောင်းတွေထဲမှာ စိတ်ရောဂါဖြစ်ပွား နေရမှုနှုန်း မြင့်တက်နေရတဲ့အကြောင်းတချက်လည်း ပါဝင်ပါတယ်။ ဆင်းရဲသား စိတ်ရောဂါဝေဒနာရှင်တွေကလည်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရတဲ့အတွက် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်လိုက်တာက များနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု အနည်းဆုံးပြည်နယ်ကတော့ New Jersey ပြည်နယ်ပါ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုအနည်းဆုံး ဖြစ်နေရတဲ့အကြောင်းတွေထဲမှာ လူထုအတွက်အသုံးပြုတဲ့ ကျန်းမာရေး အသုံးစရိတ် မြင့်မားနေတဲ့အကြောင်းနဲ့လည်း ဆက်စပ်နေပါတယ်။
အခုလိုကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကိုလျှော့ချနိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းလာပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ စိတ်ကျန်းမာရေးဆိုင်ရာကုထုံးတွေလည်း ပါဝင်ပါ တယ်။
Ref:worldatlas