Trend

ယောဂကျင့်ဖို့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံ

Want create site? Find Free WordPress Themes and plugins.

ခရီးသွားသူအများစုဟာ ကိုယ်ရောက်ရာဒေသမှာ ဓာတ်ပုံရိုက်လေ့ ရှိကြပါတယ်။ ဒါဟာလည်း စိတ် အပန်းဖြေနည်းတမျိုးပါ။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ဒီအဖြစ်အပျက်တွေက အမှတ်တရ ဖြစ်ကျန်နေရစ်ပြီး ကိုယ်ရောက်ခဲ့ဖူးတဲ့ ဒေသတွေကို ထပ်မံခရီးထွက်လိုစိတ် ဖြစ်လာပါတယ်။

မြန်မာနိုင်ငံကို အလည်လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ အနေနဲ့လည်း ခန္ဓာကိုယ် အပန်းပြေစေရုံ သာမက စိတ်အပန်းဖြေနိုင်ဖို့ နည်လမ်းကိုပါ ရှာကြံလာကြပါတယ်။ အဲဒီနည်းလမ်းတွေထဲက တခုကတော့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ယောဂအကျင့်ကို ကျင့်လေ့ရှိကြတာပါ။

ယောဂကျင့်စဉ်ဟာ လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာကတည်းက ရှိလာခဲ့တဲ့ ကျင့်စဉ်တခုပါ။ အခုအခါမှာ ယောဂကျင့်စဉ်ကို လူတော်တော်များများ ကျင့်လာကြပါတယ်။

မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေကတော့ ယောဂကျင့်စဉ်ကို ပုဂံ ဧရာဝတီမြစ်ကမ်းဘေးမှာ ကျင့်လေ့ ရှိကြပါတယ်။ ဒီနေရာဟာ နိုင်ငံခြားသားတွေအတွက် စံပြနေရာပါပဲ။ ပုဂံနဲ့ ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ စုဝေးနေတဲ့ နေရာတွေပါ။ နေထွက်လာတဲ့အချိန် ဒါမှမဟုတ် ညနေဆည်းဆာ အချိန်တွေမှာဆိုရင် နိုင်ငံခြားသားအများစုက ဧရာဝတီ မြစ်ကမ်းနံဘေးမှာ ယောဂအကျင့်ကို ကျင့် လေ့ ရှိကြပါတယ်။

နောက်ထပ် နေရာတနေရာကတော့ အေးမြလတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း ယောဂကျင့်လို့ရတဲ့ ကလောလို နေရာမျိုးပါ။ ကလောမှာဆိုရင် ထင်းရှူးပင်တွေက မျက်စိတဆုံးပါပဲ။ ဒီနေရာမှာ ဆိုရင်တော့လည်း ယောဂကျင့်တဲ့ အတွေ့အကြုံတွေကို ကောင်းကောင်း ရနိုင်ပါတယ်။

ကလောမြို့ဟာဆိုရင် တချိန်တုန်းက ဗြိတိသျှတွေရဲ့ နွေရာသီ အပန်းဖြေ စခန်းတခုလို နေရာမျိုးပါပဲ။ ပတ်ဝန်းကျင် တောင်ကုန်းတွေကလည်း သိသိသာသာကို တိတ်ဆိတ် ငြိမ်သက်နေတဲ့အတွက် အပန်းဖြေလို့ကောင်းသလို ယောဂကျင့်လို့ ကောင်းတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။

နောက်ထပ် နိုင်ငံခြားသားတွေ သဘောကျတဲ့ နေရာကတော့ အင်းလေးပါ။ အင်းလေးဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာတနေရာဖြစ်သလို အပန်းဖြေဖို့ကောင်းတဲ့ နေရာလည်း ဖြစ်ပါသေးတယ်။

အင်းလေးကလည်း နိုင်ငံခြားသားတွေအတွက် ယောဂအကျင့် ကျင့်လို့ကောင်းတဲ့ နေရာ တနေရာဖြစ်ပြီး မနက်အစောပိုင်းနဲ့ မမှောင်ခင်အချိန်တွေမှာ နိုင်ငံခြားသားတွေ ယောဂကျင့်လေ့ ရှိပါတယ်။ အဲဒီအချိန်တွေကတော့ မော်တော်ဘုတ်သံတွေ သိပ်မကြားရသေးတဲ့ အချိန်တွေပါ။ နိုင်ငံခြားသားတွေအဖို့ကတော့ မြန်မာနိုင်ငံနဲ့ ယောဂကျင့်စဉ်ဟာ အလွန်လိုက်ဖက်ညီတဲ့ အရာတွေပါပဲ။

Ref : myanmar-diaries

Did you find apk for android? You can find new Free Android Games and apps.
Loading