အရင်ခေတ်က လူတွေဟာ စာလေးတစောင် ကိုယ့်ဆီရောက်လာဖို့ ရက်သတ္တတပတ်လောက် အနည်းဆုံး စောင့်ခဲ့ပါတယ်။ Digital ခေတ်ထဲ ရောက်လာတဲ့အခါမှာတော့ Digital ပစ္စည်းတွေဟာ လူတွေအတွက် မရှိမဖြစ် အရာတခု ဖြစ်လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ကိစ္စတွေကအစ အလုပ်ကိစ္စတွေအဆုံး အားလုံးကို Digital ပစ္စည်းတွေက အချိန်တိုတိုအတွင်း ပြီးမြောက်စေနိုင်လို့ပါပဲ။
ကွဲပြားခြားနားတဲ့ နည်းပညာတွေကိုအသုံးပြုပြီး ဓာတ်ပုံတပုံကို ပြုပြင်နိုင်သလို ဆိုရှယ်မီဒီယာတွေပေါ် ချက်ချင်းတင်ပြီး ကိုယ့်မိတ်ဆွေတွေကို ဝေမျှပေးနိုင်ရုံသာမက စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကိုလည်း အွန်လိုင်းကနေ ချက်ချင်းဆိုသလို ရယူနိုင်ပါတယ်။
လူငယ်တွေအတွက်ဆိုရင်လည်း ချစ်ရေးချစ်ရာကိစ္စတွေဟာ အရင်ခေတ်တွေကလို ခက်ခဲမှု မရှိတော့ဘဲ Romantic ဆန်တဲ့ ကိစ္စတွေကို ချက်ချင်းဆိုသလို ပြုလုပ်နိုင်နေကြပါပြီ။ တကယ်တော့ Digital ခေတ်တခုလုံးဟာ အရာရာကို ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာဆိုရင် လူတွေဟာ သူတို့ရဲ့ ချစ်ခြင်းကိစ္စတွေကို Digital ပစ္စည်းတွေ သုံးပြီး ဖြေရှင်းလာနေ ကြပါပြီ။ ချစ်ခြင်းနဲ့ သက်ဆိုင်တဲ့ စာတွေ၊ ဓာတ်ပုံတွေ၊ သီချင်းနဲ့ ကဗျာတွေ၊ နှစ်ယောက်အတူ စကားပြောကြတာတွေ အားလုံး အားလုံးဟာ Digital ကို မှီခိုနေရပါတယ်။
ပို့စ်ကတ်လို အရာမျိုးတွေကိုလည်း သက်ဆိုင်ရာ Website တွေမှာ လွယ်လွယ်ကူကူ ရှာဖွေပြီး တဦးနဲ့ တဦး ချက်ချင်း ပို့လို့ရနေပါပြီ။ ကိုယ်ကြိုက်တဲ့ သီချင်းတပုဒ်ကို ဖုန်းတလုံးထဲ လွယ်လွယ်ကူကူ သိမ်းထားနိုင်ပြီး အချိန်မရွေး နားဆင်နေနိုင်သလို ကိုယ်ချစ်တဲ့သူ နားထောင်ဖို့ အတွက်လည်း ပို့ပေးလို့ ရနေပါပြီ။
Romantic ဆန်ဆန် ဖန်တီးချင်တယ်ဆိုရင်လည်း Free သုံးလို့ရနေတဲ့ Audiotool ဒါမှမဟုတ် Ujam ကိုသုံးပြီး ကိုယ်ပိုင် အချစ်သီချင်းတွေနဲ့ ကဗျာတွေကို ဖန်တီးနိုင်ပါတယ်။ နောက်ထပ် တခုကတော့ အွန်လိုင်းဂိမ်းတွေကို အတူဆော့လို့ ရတာပါ။ ဘယ်လောက်ဝေးကွာတဲ့ အရပ်က လူတွေပဲ ဖြစ်နေပါစေ ရေရှည်တည်တံ့နိုင်မယ့် လူမှုဆက်ဆံရေးတခုကို အလွယ်တကူ ထူထောင် နိုင်ပါတယ်။ ဒီအချက်က Digital ခေတ်ရဲ့ အနှစ်သာရတခုပါ။
တချို့ ချစ်သူရည်းစားတွေဟာ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို လျှို့ဝှက်ထားလို ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့် တသီးပုဂ္ဂလကိစ္စတွေကို ကာကွယ်ထားချင်ကြလို့ပါပဲ။ ဒါကြောင့်လည်း ဆိုရှယ်မီဒီယာကို အသုံးပြုလေ့ ရှိကြပါတယ်။ များသောအားဖြင့်ကတော့ Chatting ပြောလေ့ ရှိကြတာပါ။ Couple, Avocado, You&Me စတဲ့ ဖုန်း Application တွေကို အသုံးပြုမယ်ဆိုရင် ချစ်သူအချင်းချင်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ မက်ဆေ့ချ်တွေနဲ့ ချစ်စရာကောင်းတဲ့ စတေကာလှလှတွေကို အသုံးပြုနိုင်ပါလိမ့်မယ်။
တချို့လူတွေကတော့ Digital ခေတ်က လူမှုဆက်ဆံရေးတွေကို ဖြိုခွဲလိုက်လေမလားဆိုတဲ့ သောက ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင်တော့ လူမှုဘဝဆက်ဆံရေးကအစ ဒီနေ့ခေတ် လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အင်တာနက်က မရှိမဖြစ် အရေးကြီးတယ်ဆိုတာ တွေ့ရမှာပါပဲ။
Ref : dumblittleman