Trend

အင်္ဂလိပ်အက္ခရာ G စာလုံးပေါင်းနဲ့ စသောနိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာ အင်္ဂလိပ်အက္ခရာ G နဲ့စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိပါတယ်။ အဲဒီနိုင်ငံတွေကတော့ Gabon ၊ Gambia ၊ Georgia ၊ Germany ၊ Ghana ၊ Greece ၊ Grenada ၊ Guatemala ၊ Guinea ၊ Guinea-Bissau နဲ့ Guyana တို့ပါ။ ဒါကြောင့် G နဲ့စတဲ့ နိုင်ငံတချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) Gabon

ဂါဘွန်နိုင်ငံဟာ ဗဟိုအာဖရိကရဲ့ အနောက်ဘက် ကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံ တနိုင်ငံပါ။ ဂါဘွန်နိုင်ငံရဲ့ မြို့တော်ကတော့ Libreville ပဲ ဖြစ်ပါတယ်။ ဂါဘွန်နိုင်ငံဟာ ပြင်သစ် ကိုလိုနီ နယ်မြေတခုဖြစ်ခဲ့ဖူးပြီး ၁၉၆၀ပြည့် မှာ ပြင်သစ်တွေဆီက လွတ်လပ်ရေးရခဲ့ပါတယ်။ ဂါဘွန်နိုင်ငံရဲ့ အဓိကစီးပွားရေးကတော့ ရေနံလုပ်ငန်းဖြစ်ပြီး တရားဝင်နိုင်ငံသုံး စကားကတော့ ပြင်သစ်စကားပါ။

(၂) Gambia

ဂမ်ဘီယာနိုင်ငံဟာ အနောက်အာဖရိကရဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဂမ်ဘီယာဆိုတဲ့ စကားလုံးက ဂမ်ဘီယာဖြစ်ကို ရည်ညွှန်းတာဖြစ်ပြီး Mandinka ဘာသာစကားပါ။ ဂမ်ဘီနိုင်ငံရဲ့ မြို့တော်က Banjul ဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းကတော့ တံငါလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းပါပဲ။ ဂမ်ဘီယာနိုင်ငံဟာ ဗြိတိသျှတိုရဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့ဖူးပြီး ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

(၃) Georgia

ဂျော်ဂျီယာနိုင်ငံဟာ ကော့ကေးဆပ်ဒေသမှာ တည်ရှိပြီး မြို့တော်ကတော့ Tbilisi ပါ။ ဂျော်ဂျီယာနိုင်ငံရဲ့ လူအများစုက ခရစ်ယာန်ဘာသာဝင်တွေပါ။ ဂျော်ဂျီယာနိုင်ငံကို ၁၉၂၁ ခုနှစ်က ရုရှားကသိမ်း ပိုက်ခဲ့ပြီး ဆိုဗီယာက်ယူနီယံရဲ့ အစိတ်အပိုင်းတခုအဖြစ် ဖန်တီးခဲ့ပါတယ်။ ၁၉၉၁ ဧပြီလမှာတော့ ဂျော်ဂျီယာနိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်ခဲ့ပါတယ်။

(၄) Germany

ဂျာမနီနိုင်ငံဟာ ဥရောပနိုင်ငံတွေထဲက နိုင်ငံတနိုင်ငံပါ။ ဂျာမနီဆိုတဲ့ စကားလုံးဟာ လက်တင်စကား လုံးဖြစ်တဲ့ Germania ဆိုတာကနေ ဆင်းသက်လာတဲ့စကားလုံးပါ။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ နိုင်ငံ ၂ ခြမ်းကွဲခဲ့ပြီး ၁၉၉၀ အောက်တိုဘာ ၃ရက်နေ့မှာ ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။

(၅) Ghana

ဂါနာနိုင်ငံဟာ အနောက်အာဖရိကရဲ့ နိုင်ငံတနိုင်ငံပါ။ ဂါနာနိုင်ငံဟာ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်မြေတခု ဖြစ်ပြီး မြို့တော်ကတော့ Accra ပါ။ တရားဝင်ရုံးသုံးစကားကတော့ အင်္ဂလိပ်စကားဖြစ်ပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းကတော့ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

(၆) Greece

ဂရိနိုင်ငံဟာ ဥရောပတောင်ပိုင်းမှာတည်ရှိပြီး မြို့တော်ကတော် အေသင်မြို့တော်ပါ။ အနောက်တိုင်း လူမှုအဖွဲ့အစည်း မှာအရေးကြီးတဲ့ စာပေ ၊ နိုင်ငံရေးသိပ္ပံ ၊ ဒဿန ၊ အိုလံပစ်အားကစား ၊ ဒီမိုကရေ စီစတာတွေအားလုံးက ဂရိကနေ လာပါတယ်။

(၇) Grenada

Grenada နိုင်ငံဟာ Grenada ကျွန်းအပါအဝင် အခြား ကျွန်းငယ်ပေါင်း ၆ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံပါ။ မြို့တော်ကတော့ St.George’s ပါ။ Grenada နိုင်ငံဟာ ပြင်သစ်နဲ့ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်မြေတခုဖြစ်ခဲ့ဖူးပါပြီး တရားဝင်ရုံးသုံးစကားကတော့ အင်္ဂလိပ်စကားပါ။

(၈) Guatemala

ဂွာတီမာလာနိုင်ငံကတော့ အမေရိကတိုက်အလယ်မှာရှိပြီး အမေရိကတိုက်ရဲ့ လူဦးရေအများဆုံး နိုင်ငံပါ။ ၁၅၂၁ ကနေ ၁၈၀၀ အထိ စပိန်ပိုင်နက်တခုဖြစ်ခဲ့ပါတယ်။ စပိန်စကားက တရားဝင်ရုံးသုံး စကားပါ။ နိုင်ငံလူဦးရေရဲ့ ၉၃ ရာခိုင်နှုန်းက စပိန်စကားပြောဆိုကြပြီး ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြပါတယ်။

(၉) Guinea

ဂီနီနိုင်ငံဟာ အနောက်အာဖရိက ကမ်းရိုးတန်းပေါ်မှာ တည်ရှိပါတယ်။ ပြင်သစ် ကိုလိုနီနယ်မြေတခု ဖြစ်ခဲ့ဖူးပြီး ၁၉၅၈ အောက်တိုဘာ ၂ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ အဓိက စီးပွားရေးကတော့ ဓာတ်သတ္တု တူးဖော်ရေးနဲ့ စိုက်ပျိုးရေးပါ။ အဓိကကိုးကွယ်တဲ့ ဘာသာကတော့ အစ္စလာမ်ဖြစ်ပြီး နိုင်ငံလူဦးရေ ၈၅ ရာခိုင်နှုန်းက မွတ်ဆလင်တွေပါ။

(၁၀) Guinea-Bissau

Guinea-Bissau နိုင်ငံကတော့ အာဖရိအနောက်ပိုင်းမှာ ရှိပါတယ်။ ပေါ်တူဂီတွေရဲ့ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးပြီး ၁၉၇၃ မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ နိုင်ငံလူဦးရေ ၄၄ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ ဝင်တွေဖြစ်ပြီး ၂၂ ရာခိုင်နှုန်းက ခရစ်ယာန်တွေပါ။

(၁၁) Guyana

ဂိုင်ယာနာနိုင်ငံ တောင်အမေရိကရဲ့မြောက်ပိုင်း ကုန်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ကာရစ်ဘီယံနိုင် ငံတွေနဲ့ နိုင်ငံရေး ၊ သမိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေမှာဆက်ဆံနိုင်ဖို့ အန်ဂလို-ကာရစ်ဘီယံ နိုင်ငံတွေနဲ့ ကာရစ်ဘီယံနိုင်ငံတွေပါဝင်တဲ့ CARICOM အဖွဲ့အစည်းကြီးမှာ ပါဝင်ထားပါတယ်။ မြို့တော်ကတော့ Georgetown ပါ။ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်မြေတခုဖြစ်ခဲ့ဖူးပြီး ၁၉၆၆ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

Ref : worldatlas

Did you find apk for android? You can find new Free Android Games and apps.
Loading