တရုတ်နိုင်ငံ၊ Hubei မှာ နေထိုင်တဲ့ အသက် ၁၀ နှစ်သားအရွယ် ကောင်လေးတယောက်ဟာ နှစ်သစ်ကူးမှာရတဲ့ ပိုက်ဆံနဲ့ သူ့အမေကို စိတ်လက်စွပ် ဝယ်ပေးခဲ့ပါတယ်။
အစမှာတော့ သူ့ရဲ့ မိခင်က စနောက်နေတယ် ထင်ပြီး လက်ဝတ်ရတနာဆိုင်ကို လိုက်လာခဲ့ပါတယ်။ သူ့မိခင်ကို စိတ်ကြိုက် လက်စွပ် ရွေးခိုင်းတဲ့အခါမှာမှ သူ့ရဲ့မိခင်က စနောက်နေတာ မဟုတ်မှန်းသိလို့ ဆိုင်ကနေ ထွက်သွားဖို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့မိခင် ဆိုင်က ထွက်သွားဖို့ ပြုလုပ်ချိန်မှာ အဲဒီကောင်လေးက ဝမ်းနည်းပြီး ငိုခဲ့သေးတယ်လို့ Globle Time သတင်းစာမှာ ဖော်ပြထားပါတယ်။
မိခင်ဟာ သားရဲ့ ပိုက်ဆံကို မသုံးရက်တာကြောင့် အဲဒီလို ထွက်ခွာဖို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါသေးတယ်။ သူ့ရဲ့ မိခင်ဟာ ဈေးပေါတဲ့ လက်စွပ်တကွင်းကို ပြပြီး “အမေ ဒါလေးကို ကြိုက်တယ်။ သားကြီးလာရင် ဝယ်ပေးနော်”လို့ ပြောထားတဲ့ အသံဟာ ဆိုင်ဝန်ထမ်းတယောက် ရိုက်ကူးနေတဲ့ ဗီဒီယိုဖိုင်မှာ ပါရှိပါတယ်။
အဲဒီကောင်လေးက အခုလို ဝယ်ပေးဖို့ ပိုက်ဆံစုရတာဟာ သူ့ကျောင်းက အတန်းဖော်တွေရဲ့ မိခင်တွေမှာ လက်စွပ်၊ လက်ကောက် စတဲ့ လက်ဝတ်ရတနာတွေ ရှိပေမယ့် သူ့ရဲ့ မိခင်ကတော့ လက်ဗလာ ဖြစ်နေတာကြောင့် စိတ်မကောင်းဖြစ်လို့ ဝယ်ပေးဖို့ ကြိုးစားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗီဒီယိုဟာ တရုတ်ပြည်အနှံ့မှာ ပျံနှံ့သွားပြီး အင်တာနက်အသုံးပြုသူတွေက “လိမ္မာလိုက်တဲ့ ကလေး၊ စိတ်ကောင်းရှိလိုက်တာ၊ ဒီလို ကလေးမျိုးကို ရထားတဲ့ အိမ်က သိပ်ကံကောင်းတာပဲ” စတဲ့ မှတ်ချက်တွေကို ပေးခဲ့ကြပါတယ်။
Ref ; trillist