လေ့လာချက်တွေအရ အမေရိကန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ ၃ပုံ ၁ပုံဟာ ဆိုဒ်မမှန်တဲ့ ရှုးဖိနပ်တွေကို စီးနေကြတယ်လို့ သိရပါတယ်။ ရှုးဖိနပ်စီးရင် အမြဲအဆင်မပြေဖြစ်ရတာတွေကို သက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဒုတိယမြောက်ခြေချောင်းနဲ့ တတိယမြောက်ခြေချောင်းတို့ကို တိပ်သေးသေးလေးကပ်ပြီး စီးခြင်းအားဖြင့် ခြေချောင်းတွေ နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၂) အားလပ်တဲ့ အချိန်တွေနဲ့ အိမ်မှာနေတဲ့ အချိန်တွေဆိုရင် တတ်နိုင်သလောက် ခြေဗလာနဲ့ပဲ သွားပါ။ ခြေဖဝါးတွေကို အနားပေးရာရောက်ပါတယ်။
(၃) အဝတ်တခု ဒါမှမဟုတ် ရာဘာကြိုးနဲ့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းကို ညဖက် အိပ်ရာမဝင်ခင်တိုင်း ပြုလုပ်ပေးပါ။ ဒါဆိုရင် ခြေထောက်မှာ ဖြစ်ပေါ်နေတဲ့ နာကျင်ခြင်းတွေကို နှိပ်နယ်ပေးသလိုဖြစ်ပါလိမ့်မယ်။
(၄) အရက်ပျံနည်းနည်းကို ဖိနပ်ထဲ ဖြန်းထားခြင်းဖြင့် ချွေးထွက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
(၅) ပန်းသီးကို အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့ ရှာလကာရည်ထဲ ရေထောက်စိမ်တာကလည်း ခြေထောက်အနံ့ဆိုး ထွက်တာတွေကို သက်သာစေပါတယ်။
(၆) ဖိနပ်စင်ပေါ်မှာ ဖိနပ်တွေကို ပူးကပ်ပြီး မထားဖို့ သတိထားသင့်ပါတယ်။ အဲဒီလို ပူးကပ်ပြီးထားခြင်းကြောင့် အနံ့တွေ ရောပြီး ဖိနပ်တိုင်း အနံ့ဆိုးထွက်လာနိုင်ပါတယ်။
(၇) ဖိနပ်အသစ်တွေ ကြပ်နေရင်တော့ ရေခဲအိတ်ဒါမှမဟုတ် ရေအိတ်ကို ဖိနပ်ထဲထည့်ပြီး တညလောက်ထားလိုက်ပါ။ နောက်တနေ့မှာ ဖိနပ်ကျယ်နေတာကို တွေ့ရပါလိမ့်မယ်။
Ref;brightside