သင်က ဘယ်လိုလူပဲ ဖြစ်ပါစေတော့ သင့်ကို အမြဲချစ်နေတယ့် သူကတော့ သင့်ရဲ့ အမေပဲဖြစ်ပါတယ်။ မွေးလာတဲ့ အရွယ်ကစလို့ သင်ဘယ်အသက်အရွယ်ကိုပဲ ရောက်ရောက် သင်လိုအပ်သမျှဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိနေတဲ့ သူလည်း ဖြစ်ပါတယ်။ လတ်တလော ကိုယ်ဝန်ဆောင်မိခင်တွေကြားမှာ အခုခေတ်စားနေတဲ့ အရာတခုကတော့ မမွေးသေးတဲ့ သန္ဓေသားရဲ့ ပုံကို လက်သည်းမှာ အလှဖော်တာပဲ ဖြစ်ပါတယ်။
လက်သည်းအလှပြင်ဆိုင်တခုက စတင်ခဲ့တာဖြစ်ပြီး အင်စတာဂရမ်မှာ #ultrasoundnails ဆိုတဲ့ စာနဲ့ တင်ခဲ့တာပါ။ အဲဒီပုံက စလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တော်တော်များများ က လိုက်ပြီး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Sarah Clarke လို့ အမည်ရတဲ့ အမျိုးသမီးက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီပုံ အင်စတာဂရမ်မှာ နာမည်ကြီးသွားတဲ့ အခါမှာ လက်သည်းအလှပြင်ဆိုင်မှာ ဘိုကင်တွေအားလုံးပြည့်ပြီး အရမ်းကို အလုပ်ရှုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီလို လက်သည်းဆိုးမှုတွေ ခေတ်စားတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်နေစဉ် ပျက်ကျသွားတဲ့ ကလေးတွေရဲ့ ပုံတွေကို လာပြီး ဆိုးကြတဲ့ အမျိုးသမီးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီလက်သည်းဆိုးတာဟာ မမွေးသေးတဲ့ ကလေးလေးကို ကြိုဆိုတဲ့ အလေ့အထတခုဖြစ်လာပြီး ကိုယ်ဝန်ဆောင် မိခင်တွေကြားမှာလည်း အရမ်းကို ရေပန်းစားတဲ့ ကိစ္စတရပ်ဖြစ်လာပါတယ်။
Ref;lifehack