ဘဝမှာ မလိုအပ်တဲ့ အရာတွေကို ပြုလုပ်ရတဲ့ နေ့တွေ အများကြီးရှိပါတယ်။ ဘာမဟုတ်တာလေးတွေကို ချွေးပျံအောင် လုပ်ရတဲ့ အချိန်တွေဟာ အမှန် တကယ် ဒေါသထွက်ချင်စရာပါပဲ။ ကံကောင်းတာကတော့ ပြဿနာ သေးသေးလေး တွေ အတွက် ဖြေရှင်းနည်း သေးသေးလေးတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖော်ပြပေးလိုက်ပါတယ်။
(၁) ကားမှန်ကြည်အောင် ပြုလုပ်နည်း
ဆောင်းတွင်း ဒါမှမဟုတ် မိုးအရမ်းရွာတဲ့ အချိန်တွေမှာ ကားရှေ့မှန်ကို အငွေ့ရိုက်တာတွေ ကားမောင်းဖူးသူ တိုင်းကြုံဖူးကြမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကတော ဘူးတဘူးထဲမှာ ရေရယ် အရက်ပြန်ရယ်ကို ရောထည့်ပြီး ကားမှန်ကို ပက်ပေးဖို့ပဲ ဖြစ်ပါတယ်။ အချိန်ကုန် ငွေကုန် သက်သာစွာနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
(၂) ရေပန်းခရားပြုလုပ်ခြင်း
အသုံးပြုပြီးသား နွားနို့ဘူး ဒါမှမဟုတ် ဖျော်ရည်ဘူးတွေကို ပုံမှာဖောိပြထားတဲ့ အတိုင်း ညှပ်ပြီး ရေပန်းခရားပြုလုပ်နိုင်ပါတယ်။ ဒါဟာ အိမ်တွင်းမှုလုပ်ငန်း ဆန်သလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
(၃) အရေးပေါ် စဉ်းတီတုံး
အိမ်မှာ တခုခုကို လှီးဖို့ ရှိတာ ဒါမှမဟုတ် တနေရာရာကို ရောက်နေတဲ့ အချိန် အရေးပေါ် လှီးဖြတ်ဖို့ ရှိလာတယ်ဆိုရင် အနီးအနားမှာရှိတဲ့ ကဒ်ထူနဲ့လှီးလို့ ရပါတယ်။ ဒါဟာ Recycle လုပ်ရာကျပြီး ပိုက်ဆံ ချွေတာရာလည်းရောက်ပါတယ်။
(၄) ကိုယ်ပိုင်ရေမွှေးပြုလုပ်ခြင်း
ဈေးကြီးတဲ့ ရေမွှေးကို ဝယ်ပြီး အိမ်သာထဲမှာ ထားရမယ့် ဆိုရင် နှမြောစရာပါ။ သင်ကြိုက်တဲ့ မွှေးရနံ့ရှိတဲ့ ရေမွှေးကို တစ်သျှူးထဲမှာ အစက် ချထားခြင်းအားဖြင်း တစ်သျှူးက တချိန်လုံးမွှေးပျံ့ နေမှာပဲ ဖြစ်ပါတယ်။တစ်သျှူးလိပ်ရဲ့ အလည်မှာ ရေမွှေးဖြန်းထားမယ်ဆိုရင် သင့်ရဲ့ အိမ်သာဟာ အမြဲမွှေးပျံ့နေမှာပါ။
Ref;lifehack