ကမ္ဘာပေါ်က သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက ထိပ်ဆုံးအဆင့်မှာ ရှိနေပါတယ်။ တရုတ်နိုင်ငံ ပြီးရင်တော့ ဆော်ဒီအာရေဗျ၊ ကနေဒါ၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ ရှိနေပါတယ်။ ဒီနိုင်ငံတွေမှာ ဘယ်လို သယံဇာတတွေ ပေါကြွယ်ဝလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) တရုတ်နိုင်ငံ
တရုတ်နိုင်ငံဟာဆိုရင် ကျောက်မီးသွေး၊ ခနောက်စိမ်း၊ ခဲ၊ သွပ်နဲ့ ရွှေ ပေါကြွယ်ဝတဲ့ နိုင်ငံ တနိုင်ငံပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးတန်းဝင်တဲ့ ဓာတ်သတ္တု တူးဖော်ရေး နိုင်ငံတနိုင်ငံပါပဲ။ တွင်းထွက်ပစ္စည်းအနေနဲ့ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ဓာတ်သတ္တုလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းလောက်က ကျောက်မီးသွေးလုပ်ငန်းပါ။
(၂) ဆော်ဒီအာရေဗျ နိုင်ငံ
ဆော်ဒီအာရေဗျ နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ရေနံထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံဟာ ၁၉၃၈ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ရေနံကို စတင်တွေ့ရှိခဲ့ပြီး ကမ္ဘာကို ရေနံတင်ပို့ ရောင်းချမှုအများဆုံ းနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ရေနံအပြင် နောက်ထပ် ထွက်ရှိတာတွေကတော့ ကြေးနီ၊ သွပ်၊ ငွေနဲ့ ရွှေပါ။
(၃) ကနေဒါနိုင်ငံ
နောက်ထပ် ဓာတ်သတ္တုပစ္စည်းတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံကတော့ ကနေဒါနိုင်ငံပါ။ ကနေဒါ နိုင်ငံမှာဆိုရင် ယူရေနီယံ၊ ကျောက်မီးသွေး၊ ပလက်တီနမ်၊ ငွေနဲ့ ရွှေလုပ်ငန်းတွေကနေ ဒေါ်လာ ၃၃ ဒဿမ ၂ ထရီလီယံ ဝင်ငွေ ရှိနေပါတယ်။ ကနေဒါနိုင်ငံဟာဆိုရင် ဆော်ဒီအာရေဗျ နိုင်ငံပြီးရင် တတိယမြောက် ရေနံအချမ်းသာဆုံ းနိုင်ငံတနိုင်ငံလည်း ဖြစ်ပါသေးတယ်။ ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် ကျွန်းသစ်အများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံတနိုင်ငံပါ။
(၄) အိန္ဒိယနိုင်ငံ
၂၀၁၀ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ သတ္တုတွင်းနဲ့စက်မှုလုပ်ငန်းတွေကနေ ၁၀၆ ဒဿမ ၄ ဘီလီယံ ဝင်ငွေရခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံး ကျောက်မီးသွေးသိုက် ရှိနေပြီး ထုံးကျောက်၊ ရေနံ၊ စိန်၊ တိုက်တေနီယမ်နဲ့ အခြား သတ္တုရိုင်းတွေလည်း ပေါများတဲ့ နိုင်ငံ တနိုင်ငံပါ။ အိန္ဒိယနိုင်ငံဟာ သံမဏိနဲ့ ဖန်ချက်လုပ်ငန်းတွေမှာ သုံးတဲ့ မန်းဂနိစ် သတ္တုရိုင်းကို ကမ္ဘာပေါ်မှာ အများဆုံး ထုတ်လုပ်ရောင်းချနေတဲ့ နိုင်ငံတနိုင်ငံပါ။
(၅) ရုရှားနိုင်ငံ
ရုရှားနိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှာ သတ္တုတူးဖော်ရေး စက်မှုလုပ်ငန်းတွေမှာ အကြီးဆုံး နိုင်ငံတနိုင်ငံပါ။ ရုရှားနိုင်ငံဟာဆိုရင်တော့ ဆီလီကွန်၊ နိုက်ထရိုဂျင်၊ မဂ္ဂနီဆီယမ် သတ္တုတွေကို ဦးဆောင် ထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အခြား ထွက်ရှိတာတွေကတော့ ကြေးနီနဲ့ အလူမီနီယံပါပဲ။
Ref : worldatlas