Trend

နာမည်ကြီး Super Model တွေရဲ့ အသားအရေအလှအပဆိုင်ရာ လျှို့ဝှက်ချက်များ

Want create site? Find Free WordPress Themes and plugins.

မျက်နှာအသားအရေ ပြီးပြည့်စုံစွာ လှပကျန်းမာနေဖို့အတွက် မိတ်ကပ်တခုတည်းကိုပဲ အားကိုးလို့တော့ မရပါဘူး။ မိမိကိုယ်တိုင် ထိန်းသိမ်းပြုပြင်ဖို့လည်း လိုအပ်တာကြောင့် Super Model နာမည်ကြီး တွေရဲ့ အလှအပဆိုင်ရာ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Coco Rocha

ကနေဒါလူမျိုး နာမည်ကြီး စူပါမော်ဒယ်တဦးဖြစ်တဲ့ Coco Rocha ကတော့ Makeup Cleanising က သူမအတွက် အရေးကြီးဆုံးပဲလို့ ဆိုပါတယ်။ တနေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေကို ညဘက်မှာ သေချာစွာ သန့်စင်ပေးခြင်းကို မပျက်မကွက် ပြုလုပ်ပေးလေ့ရှိတယ်လို့လည်း သူမကဆိုပါတယ်။

(၂) Gigi Hadid

နာမည်ကြီးမော်ဒယ်တဦးဖြစ်သူ Gigi Hadid ကတော့ သူမအနေနဲ့ အသားအရေထိန်းသိမ်းတဲ့အခါ Skincare Product တွေကိုပဲ အားကိုးမနေဘဲ အစားအသောက်ပိုင်းမှာလည်း သေချာဂရုတစိုက် ရွေးချယ်စားသုံးပေးတယ်လို့ ဆိုပါတယ်။ Skincare အဆင့်အများကြီးသုံးရတာကို မကြိုက်ဘဲ ရိုးရိုးရှင်းရှင်းသာ ပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

(၃) Martha Hunt

Victoria’s Secret မော်ဒယ်တဦးဖြစ်တဲ့ သူမကတော့ အသားအရေလှပမှုအတွက် ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးတာကြောင့် ရေနဲ့ အသီးဖျော်ရည်တွေကို များများသောက်လေ့ရှိတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ အလှအပအတွက် ဆေးဝါးတွေရဲ့ အကူအညီထက် သဘာဝပစ္စည်းတွေကို အသုံးပြုရတာနှစ်သက်တယ်လို့လည်း ဆိုပါတယ်။

(၄) Anne Vyalitsyna

နောက်ထပ်စူပါမော်ဒယ်တဦးဖြစ်တဲ့ Anne Vyalitsyna ကတော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ ထောပတ်သီး၊ ငှက်ပျောသီးနဲ့ စတော်ဘယ်ရီသီး စတာတွေကို အသုံးပြုကာ မျက်နှာပေါင်းတင်လေ့ရှိတယ်လို့ ဆိုပါတယ်။ မျက်နှာအသားအရေ ရေဓာတ်ပြည့်ဝဖို့နဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို လျော့ကျစေဖို့အတွက် သခွားသီးကပ်တာမျိုးတွေကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

(၅) Arizona Muse

နာမည်ကျော် ဖက်ရှင်မော်ဒယ်တဦးဖြစ်တဲ့ Arizona Muse ကတော့ အုန်းဆီကို မိတ်ကပ်ဖျက်တဲ့အခါ Makeup remover အဖြစ် အသုံးပြုလေ့ရှိတယ်လို့ဆိုပါတယ်။ အုန်းဆီမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျက်နှာအသားအရေအတွက် အထူးပဲကောင်းမွန်စေတာကြောင့် သူမအနေနဲ့ အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

Ref: www.thebalancecareers.com

Did you find apk for android? You can find new Free Android Games and apps.
Loading