ကမ္ဘာပေါ်က အညစ်ပတ်ဆုံး မြို့များ
ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်က မြို့ ကြီးတွေမှာ နေထိုင်ကြပါတယ်။ အဲဒီလို နေထိုင်ကြတဲ့ လူဦးရေတွေထဲက ၅ ဒဿမ ၅သန်းလောက်က လေထုညစ်ညမ်းမှုတွေကြောင့် အချိန်မတိုင်ခင် သေဆုံးနေရပါတယ်။ ဘယ်မြို့တွေဟာ ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးလဲ ဆိုတဲ့အကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) Bangui
Bangui မြို့တော်ဟာ ဗဟိုအာဖရိကနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ရေညစ်ညမ်းမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ မြို့တမြို့ပါ။ လူဦးရေ ထူထပ်တဲ့အပြင် ရေပေးဝေမှု ညံ့ဖျင်းတဲ့အတွက်ကြောင့်လည်း ကမ္ဘာ့အညစ်ပတ် ဆုံးမြို့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
(၂) Brazzaville
ကွန်ဂိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Brazzaville မြို့ကတော့ ကမ္ဘာ့အညစ်ပတ်ဆုံးမြို့စာရင်းမှာ ဒုတိယ နေရာကရပ်တည်နေပါတယ်။ လေထုညစ်ညမ်းမှု ပြဿနာကိုလည်း ရင်ဆိုင်နေရပြီး မိလ္လာစနစ်ကလည်း အဆင်ပြေမှု မရှိပါဘူး။
(၃) Dar es Salaam
တန်ဇန်းနီးယားနိုင်ငံရဲ့ Dar es Salaam မြို့ကလည်း အာဖရိကရဲ့ အညစ်ပတ်ဆုံးမြို့စာရင်းဝင်ပါပဲ။ သဲသောင်ပြင်တွေကလည်း အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့်လည်း Dar es Salaam မြို့ဟာ လူနေထိုင်ဖို့ မသင့်လျော်တဲ့ မြို့တမြို့ပါ။
(၄) Baku
အဇာဘိုင်ဂျန်နိုင်ငံရဲ့ မြို့တမြို့ဖြစ်တဲ့ Baku မြို့တော်ဟာဆိုရင် အဇာဘိုင်ဂျန်နိုင်ငံအတွက် ရေနံကို အဓိက ထုတ်လုပ်တဲ့ နိုင်ငံတနိုင်ဖြစ်ပေမယ့် လေထုညစ်ညမ်းမှုနဲ့အတူ လူအများအပြား သေဆုံးနေရတဲ့ မြို့တမြို့ဖြစ်ပါတယ်။
(၅) Dhaka
ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့တော်ဖြစ်တဲ့ Dhaka မြို့တော်ဟာဆိုရင်လည်း ရေညစ်ညမ်းမှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ မြို့တမြို့ပါ။ မြို့တော်က သေးငယ်တဲ့အပြင် ဘင်္ဂလားဒေ့ရှေ် နိုင်ငံမှာ လူသန်းပေါင်း ၁၅၀ လောက် နေထိုင်ကြပါတယ်။ လူနေထူထပ်လွန်းတဲ့အတွက်လည်း သန့်ရှင်းရေးကိစ္စတွေမှာ ပြဿနာရှိနေပြီး ကမ္ဘာ့အညစ်ပတ်ဆုံး စာရင်းဝင် မြို့တမြို့ပါပဲ။
(၆) Mumbai
အိန္ဒိယနိုင်ငံရဲ့ မွမ်ဘိုင်းမြို့တော်ဟာဆိုရင် လေထုညစ်ညမ်းမှုကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ မြို့တော်လို့ ဆိုရမှာပါ။ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အများဆုံးမြို့တော်ပါပဲ။ နေထိုင်သူတွေကလည်း ဆင်းရဲကြသလို အမှိုက်သရိုက် စွန့်ပစ်တဲ့စနစ်ကလည်း ကောင်းမွန်မှု မရှိပါဘူး။ မွမ်ဘိုင်းရဲ့ပန်းခြံတွေကလည်း ညစ်ပတ်နေတာ တွေ့ရပါတယ်။
Ref : viralstorieshub