အဝတ်အစားဝတ်တဲ့အခါ မိမိနဲ့လိုက်ဖက်မယ့်အရောင်ကို ဘယ်လိုရွေးချယ်မလဲ
အဝတ်အစားတွေဝတ်ဆင်ရာမှာ ဖက်ရှင်ကျနမှုလိုပဲ အရောင်ရွေးချယ်ဝတ်ဆင်တတ်မှုဟာလည်း အရေးကြီးပါတယ်။ မိမိနဲ့လိုက်ဖက်မယ့် အဝတ်အစားအရောင်ကို ရွေးချယ်တတ်ဖို့အတွက် မိမိအသားအရေအရောင်ကို အရင်သိဖို့ လိုအပ်ပါတယ်။
ခန္ဓာကိုယ်ရဲ့အသားအရေအရောင်ဟာ နေရောင်ခြည်နဲ့ ပတ်ဝန်းကျင်လေထုကြောင့် အရောင်ပြောင်းတတ်ပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းနဲ့တော့ ခွဲခြားလို့ရပါတယ်။
မိမိရဲ့အသားအရေအရောင်ကို အမှန်အတိုင်းသိဖို့အတွက် မျက်နှာကိုအရင်ဦးဆုံးသန့်စင်ပြီး ဘာမှမလိမ်းဘဲ မိနစ်၂၀ ခန့်ထားပေးပါ။ ပြီးရင်တော့ နေရောင်ခြည်ရတဲ့နေရာမှာ ခဏလောက် နေပြီး စာရွက်ဖြူတရွက်နဲ့ မိမိအသားအရေကို နှိုင်းယှဉ်ကြည့်ပေးပါ။ စာရွက်ဖြူနဲ့ယှဉ်လို့ မိမိရဲ့အသားအရေဟာ အဝါရောင်နဲ့ အညိုရောင်ခပ်လင်းလင်းဘက်ကို ရောက်ရင် Warm Skin Tone လို့သတ်မှတ်နိုင်ပြီး ပန်းသွေးရောင်ဘက်သမ်းရင်တော့ Cool Skin Tone လို့သတ်မှတ် နိုင်ပါတယ်။
စာရွက်နဲ့ယှဉ်ကြည့်လိုက်လို့ အခုဖော်ပြပေးထားတဲ့ အရောင်တွေမဟုတ်ဘဲ အရောင်သတ်မှတ်ရ ခက်နေတယ်ဆိုရင်တော့ Neutral Skin လို့ပဲ သတ်မှတ်နိုင်ပါတယ်။
(၁) Warm Skin Tone
Warm Skin Tone အသားအရေပိုင်ရှင် Celebrity တွေကတော့ Kim Kardishan,Jessica Alba,Beyonce နဲ့ Claire Danes တို့ပဲဖြစ်ပါတယ်။ ဒီအသားအရေပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးအရောင်တွေကတော့ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ရွေရောင်နဲ့ မက်မွန်သီးရောင်တို့ပဲ ဖြစ်ပါတယ်။ အရောင်ခပ်တောက်တောက်တွေ မဟုတ်ဘဲ ငြိမ်တဲ့ အရောင်တွေထဲကဆိုရင်တော့ မီးခိုးရောင်နဲ့ ရေညှိစိမ်းရောင်တို့ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
(၂) Cool Skin Tone
Cool Skin Tone ပိုင်ရှင် Celebrity တွေကတော့ Nicole Kidman,Cate Blanchett နဲ့ MindyKaling တို့ပဲ ဖြစ်ပါတယ်။ Cool Skin Tone ပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးအရောင်ကတော့ အပြာရောင်ရင့်ရင့်၊ ခရမ်းရောင်နဲ့ အစိမ်းရောင်တို့ပဲ ဖြစ်ပါတယ်။ အရောင်အငြိမ်တွေထဲကဆိုရင်တော့ အဖြူရောင်၊ မီးခိုးရောင်နဲ့ Navy အပြာရောင် တို့ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
(၃) Neutral Skin Tone
Neutral Skin Tone ပိုင်ရှင် Celebrity တွေကတော့ Julianne Morre,Angelina Jolie,Julia Roberts နဲ့ Kerry Washiton တို့ပဲဖြစ်ပါတယ်။ Neutral Skin Tone ပိုင်ရှင်တွေအနေနဲ့အရောင်တောက်တောက်တွေအစား ခပ်ငြိမ်ငြိမ်အရောင်မျိုးတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
Ref. www.thelist.com