Tourism Bureau ကနေ နှစ်စဉ် ဦးစီးကျင်းပနေတဲ့ ထိုင်ဝမ်နိုင်ငံရဲ့ မီးပုံးပွဲတော် (Larntern Festival) ကို ထိုင်ဝမ်နိုင်ငံ တောင်ပိုင်း၊ Donggang မြို့နယ်ရှိ၊ Depeng Bay National Scenic Area မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပွဲတော်ရက်အတွင်း စုစုပေါင်း လူဦးရေ ၁၁ သန်းကျော်အထိ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၁၆ ရက်ကြာ ကျင်းပခဲ့တဲ့ အဆိုပါ ပွဲတော်မှာ ၄ ရက်တိတိက ပွဲလာသူ ဦးရေ ၁၀ သန်းကျော်နဲ့ စံချိန်ချိုးခဲ့ပြီး အလာများဆုံး ရက်တွေကတော့ ဖေဖော်ဝါရီ ၂၄၊ ၂၈၊ မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ၁ ဒဿမ ၀၈ သန်းကနေ ၁ ဒဿမ ၈၂ သန်းအထိ အသီးသီး ရှိခဲ့တယ်လို့ သိရပါတယ်။
Taiwan Lantern Festival ရဲ့ Soft Opening ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ့် Offical ဖွင့်ပွဲ စရက်ကတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ပါ။
ထိုင်ဝမ်နိုင်ငံ၊ Pingtung ပြည်နယ် စီရင်စု အစိုးရနဲ့ Taiwan Tourism Bureau တို့ကနေ ထိုင်ဝမ်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲတော်ကို လာရောက်သူ အနိမ့်ဆုံး ၈ သန်းခန့်သာ မျှော်မှန်းထားပေမယ့် တကယ့်တကယ်တမ်းမှာတော့ ခန့်မှန်းထားတာထက် ၃ သန်းကျော်၊ စုစုပေါင်း လာရောက်သူ ဦးရေ ၁၁ ဒဿမ ၈၇ သန်း ရှိခဲ့တာ တွေ့ရပါတယ်။
ပွဲစီစဉ်သူတွေ ပြောကြားချက်အရတော့ ပွဲကို လာရောက်သူဦးရေဟာ စမတ်ဖုန်းတွေကနေတဆင့် Register ပြုလုပ်ကာ လာရောက်မှုများကို အခြေခံထားတာဖြစ်ပြီး နေ့စဉ် Local Telecom အော်ပရေတာတွေရဲ့ Report အရ တွက်ချက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ လာရောက်လည်ပတ်သူ အရေအတွက်ကို ပုံမှန်အားဖြင့် ဝင်ပေါက်ကတဆင့် ဆန်ဆာများနဲ့ မှတ်တမ်းယူခဲ့ပြီး လူများတဲ့ Traffic ပမာဏကို တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် ပွဲစီစဉ်သူများဟာ Telecom ကုမ္ပဏီတွေနဲ့အတူ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပြီး မိုဘိုင်းဖုန်းတွေကနေတဆင့် လာရောက် လည်ပတ်သူ အရေအတွက်ကို တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက တိကျတဲ့ နေရာများနဲ့ အချိန်ကာလတွေကို အဓိကထား အသုံးပြုနိုင်ပြီး အဲဒီနေရာတွေမှာ တိုးရစ်တွေ အချိန်ဘယ်လောက် လည်ပတ်ခဲ့တာဆိုတာပါ သိရတယ်လို့ ဆိုပါတယ်။
Taiwan Tourism Bureau ရဲ့ ကနဦး ခန့်မှန်းချက်အရ ဒီပွဲတော်ကတဆင့် စီးပွားရေး အခွင့်အလမ်းတွေမှာ ထိုင်ဝမ် ဒေါ်လာ ၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၂၃ သန်း) သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ တာဝန်ရှိသူရှိတွေရဲ့ ပြောကြားချက်အရတော့ ဒီပမာဏဟာ ပွဲလာရောက်သူတွေ အသုံးပြုတဲ့ ငွေကြေးပမာဏကို ထည့်မတွက်ရသေးဘဲ Tourism Bureau ရဲ့ခန့်မှန်းချက်ထက်တောင် ပိုနိုင်တယ်လို့ ဆိုပါတယ်။
ပွဲတော်အတွင်းမှာတော့ ထိုင်ဝမ် ရိုးရာ တရုတ်မီးပုံ၊ မီးအလှဆင်မှုအမျိုးမျိုးကို Zone နေရာများ ခွဲကာ အလှဆင်ပြသမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ် တရုတ်ရိုးရာ ဝက်နှစ် ကိုယ်စားပြု ဝက်ရုပ်များကိုလည်း နေရာတော်တော်များများမှာ အလှဆင် ပုံဖော်ထားတာ တွေ့ခဲ့ရပါတယ်။ Lantern Festival ပိတ်ပွဲညကို မတ်လ ၃ ရက်နေ့ ညက ပြုလုပ်ခဲ့ပြီး Final Drone Show နဲ့ ရေပန်းအက သရုပ်ဖော်မှုများနဲ့ အဆုံးမှာတော့ အချိန် ၆ မိနစ်ကြာ မီးရှူးမီးပန်းဖောက်မှုများနဲ့ အဆုံးသတ် ပိတ်သိမ်းခဲ့ပါတယ်။
Ref : taiwannews