နွေရာသီဟာ တခြားသော ရာသီဥတုတွေထက် ဖုန့်မှုန့်နဲ့ အညစ်အကြေးတွေ ပေါများပြီး ပူပြင်းတဲ့ နေရောင်ခြည်ရဲ့ အပူရှိန်ကြောင့် ပုံမှန်ထက် အသားအရေကို ပိုပြီး ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေရတဲ့ ပျိုမေတွေအတွက် နွေရာသီမှာ ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Sunscreen ကို မဖြစ်မနေ အသုံးပြုပေးပါ
နွေရာသီရဲ့ပူပြင်းတဲ့နေရောင်ဟာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် Sunscreen (နေရောင်ကာ ခရင်မ်)ကို နွေရာသီမှာ မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။ SPF 30 ကနေ 70 လောက်အထိ Sunscreen ပါဝင်တဲ့ အမျိုးအစားတွေကို ရွေးချယ်သုံးစွဲသင့်ပြီး ၂ နာရီခြားတခါ အသုံးပြုပေးဖို့ကိုလည်း မမေ့လျော့သင့်ပါဘူး။
(၂) မိတ်ကပ် လျှော့လိမ်းပါ
နွေရာသီမှာ အသားအရေ မပျက်စီးစေဖို့အတွက် မိတ်ကပ်ကို တတ်နိုင်သလောက် လျှော့လိမ်းဖို့ အကြံပြုချင်ပါတယ်။ ပတ်ဝန်းကျင်က ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေနဲ့ ပေါင်းမိသွားတဲ့အခါ အဆီဖုတွေနဲ့ဝက်ခြံတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် နွေရာသီမှာ မိတ်ကပ်လျှော့လိမ်းသင့်ပါတယ်။
(၃) ရေဓာတ်ဖြည့်ပါ
နွေရာသီမှာတော့ အသားအရေအတွက်ရော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ရေဓာတ် ဖြည့်ပေးသင့်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ moisturizer မျိုးကို ရွေးချယ် သုံးစွဲပေးသင့်ပြီး ရေများများသောက်ပေးဖို့ကိုလည်း မမေ့လျော့သင့်ပါဘူး။
(၄) မျက်နှာသစ်ပေးပါ
နွေရာသီဟာ တခြားသောရာသီတွေထက် ချွေးထွက်များပြီး အဆီပြန်တတ်တာကြောင့် မျက်နှာသစ်ပေးဖို့ကို မမေ့လျော့သင့်ပါဘူး။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ မဖြစ်ပေါ်ရအောင် အပြင်ကနေ ပြန်ရောက်လာတဲ့အခါတိုင်း မျက်နှာသစ်ပေးသင့်ပါတယ်။
(၅) Scrub အသုံးပြုပြီး ကြေးချွတ်သန့်စင်ပေးပါ
မျက်နှာအသားအရေမှာ အသုံးပြုလိုက်တဲ့ skincare product တိုင်း အကျိုးရှိစေဖို့နဲ့ အသားအရေကြည်လင်စိုပြည်စေဖို့အတွက် သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်လုပ်ထားတဲ့ Scrub တွေကို အသုံးပြုပြီး ကြေးချွတ်သန့်စင်ပေးပါတယ်။
Ref :timesofindia.indiatimes.com