Trend

အစားအသောက်နဲ့ အသီးအနှံတွေကို အသုံးပြုပြီး Cosplay ဖန်တီးတဲ့ ထိုင်းအမျိုးသမီး

Want create site? Find Free WordPress Themes and plugins.

လူမှုကွန်ရက်တွေကနေ လူသိများလာခဲ့တဲ့ Benjaphorn Sine Chetsadakhan ဆိုတဲ့ ထိုင်းအမျိုးသမီးဟာ သာမန် Cosplayer တယောက်ထက် ထူးခြားသူတဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ဟန်အဖြစ် ဘယ်လိုဝတ်စုံမျိုးမဆို ဝတ်ဆင်တဲ့အခါမှာ အသုံးပြုတဲ့အရာတွေကတော့ အစားအသောက်တွေ၊ အသီးအနှံတွေကို အဓိကထား အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သူမဟာ Cosplay ဆင်မြန်းမှုကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ထိုင်းမင်းသမီး Araya Chompoo Hargate ရဲ့ ဒီဇိုင်းကို သူမ အမေရဲ့ စတိုးဆိုင်က မုန့်ထုပ်တွေနဲ့ ဖန်တီး တုပပြခဲ့တာ ဖြစ်ပါတယ်။ အသက်၂၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Sine ဟာ သူမရဲ့ ကိုယ်ပိုင် Plus-size အထည်ဆိုင်တဆိုင် ဖွင့်ထားပြီး အခုအချိန်မှာတော့ သူမရဲ့ Instagram မှာ Follower ၇ သိန်း ၆ သောင်း ကျော်ရှိပြီလည်း ဖြစ်ပါတယ်။

သူမ ကိုယ်တိုင် Plus-size ဝတ်ဆင်နေရတာဖြစ်ပေမယ့် အခြားအမျိုးသမီးတွေ အတွက်လည်း ဘယ်လို ဖက်ရှင်ကျကျ ဝတ်စားနိုင်တယ်ဆိုတာကို သိမြင်စေချင်ကြောင်း Coconuts Bangkok ရဲ့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။

သူမဟာ ရုပ်ရှင်နဲ့ ကာတွန်းတွေထဲက ဟီးရိုးဇာတ်ကောင်တွေအပြင် လူသိများထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ ပုံစံအတိုင်း လိုက်လံဖန်တီး ဝတ်ဆင်ပြနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် Cannes Film Festival မှာ တရုတ်မင်းသမီးချော Fan Bing Bing ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံအတိုင်း အသီးအနှံတွေကိုသာ အသုံးပြုပြီး ဖန်တီးဝတ်ဆင်ခဲ့တာဖြစ်သလို Aquaman Cosplay ကိုတော့ သူမဟာ နာနတ်သီးတွေနဲ့ အထူးပြုလုပ် ဝတ်ဆင်ခဲ့ပါတယ်။

သူမအနေနဲ့ ဘယ်လိုအရာတွေကိုပဲ အသုံးပြုပြီး Cosplay ဝတ်စုံတွေကို ဖန်တီးနေတာဖြစ်ပါစေ အမျိုးသမီးတွေအားလုံးအတွက် သူမဟာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် စိတ်အား မြင့်တက်စေနိုင်ခဲ့ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းနဲ့အတူ ဆိုရှယ်မီဒီယာ ကျယ်ပြန့်လာမှုတွေဟာ သူမရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ပေါ်စေခဲ့သလို သူမ ကိုယ်တိုင်ကလည်း အဲဒီ စိတ်ကူးအိပ်မက်တွေကို ဆက်လက် အကောင်အထည် ဖော်နေဆဲပဲ ဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ သူမ ယုံကြည် ဝါသနာပါရာကို လျှောက်လှမ်းဖို့ဖြစ်ပြီး ဘယ်လို ဆုတံဆိပ်မျိုးမှလည်း ရရှိပိုင်ဆိုင်စရာ မလိုဘူးလို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ TV လိုင်းတော်တော်များများကနေ သူမနဲ့ အတူ ရုပ်သံအစီအစဉ်တွေ ရိုက်ကူးခဲ့တာတွေ ရှိပြီး ဟောင်ကောင် လျှပ်စစ် ကုမ္ပဏီတခုကလည်း သူမကို စီးပွားရေးကြော်ငြာ တခုအတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။ သူမ ပြုလုပ် ဖန်တီးထားတဲ့ Cosplay အချို့ကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် အခုလို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Ref: www.boredpanda.com

Did you find apk for android? You can find new Free Android Games and apps.
Loading