အဝတ်လျှော်စက် တလုံးဟာ သင့်ကို ဘယ်လောက်ထိ အကူအညီပေးနိုင်လဲဆိုတာ သင်သိပါသလား။ ဥပမာအားဖြင့်ဆိုရင် သင့်ရဲ့ ခေါင်းစည်းကွင်း၊ လည်သာအိတ် စတာတွေကိုပါ အဝတ်လျှော်စက်ထဲ ထည့်ပြီး လျှော်လို့ ရပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ နည်းလမ်းမှန်ကန်မှသာ အဝတ်လျှော်စက် မပျက်စီးမှာပါ။ ဒါကြောင့် အဝတ်လျှော်စက်ထဲ ထည့်ပြီး လျှော်လို့ရတဲ့ ထူးထူးခြားခြားပစ္စည်းတွေ ကို ဖော်ပြပေးချင်ပါတယ်။
(၁) အားကစားသုံး ပစ္စည်းများ
အားကစားလုပ်တဲ့ အခါ ဒူး၊ လက် စတဲ့ နေရာတွေမှာ စွပ်တဲ့ အကာကွယ်တွေဟာ ညစ်ပတ်လွယ်ပါတယ်။ လူတော်တော်များများက အဲဒီပစ္စည်းတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲဆိုတာ မသိကြပါဘူး။ အဲဒီပစ္စည်းတွေကို အိတ်တခုထဲမှာ ထည့်လိုက်ပြီး ခပ်ပျော့ပျော့ ဆပ်ပြာကို သုံးပါ။ အဝတ်လျှော်စက်မှာ နူးညံ့တဲ့ ပစ္စည်းတွေကို လျှော်တဲ့ခလုတ်ကို နှိပ်ပြီး လျှော်လိုက်ရုံပါပဲ။
(၂) ယောဂ ဖျာ
ယောဂပြုလုပ်တဲ့ အခါမှာ အသုံးပြုတဲ့ ဖျာဟာလည်း သန့်ရှင်းရေးပုံမှန်လုပ်ဖို့ လိုပါတယ်။ အဲဒီဖျာတွေကို ပုဝါတွေနဲ့ အတူတူ အဝတ်လျှော်စက်ထဲ ထည့်လို့ ရပါတယ်။ အသုံးပြုမယ့် ဆပ်ပြာကိုတော့ သေချာရွေးချယ်သင့်ပြီး ရေအေးနဲ့ပဲ လျှော်ဖို့ လိုပါတယ်။
(၃) အရုပ်များ
ကလေးတွေရဲ့ အရုပ်တွေမှာ ဘတ်တီးရီးယားတွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီအရုပ်တွေကို သန့်ရှင်းရေးလုပ်ပေးဖို့ အရမ်းကို အရေးကြီးပါတယ်။ လျှော်တဲ့ အခါမှာ ဆပ်ပြာကို သာမန်သုံးနေကျ ဆပ်ပြာထက် နှစ်စလောက်ပိုပြီး နူးညံံ့တဲ့ ဆပ်ပြာကို ရွေးချယ်ရပါမယ်။
(၄) ဘွတ်ဖိနပ်များ
ဖိနပ်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တာ ရူးကြောင်ကြောင်နိုင်တယ်လို့ တွေးနေပါသလား။ တကယ်တော့ နည်းလမ်းရှိပါတယ်။ ဖိနပ်ကို အိတ်တခုထဲ ထည့်ရပါမယ်။ ကြိုးတွေနဲ့ ဖိနပ်လျှာကိုတော့ ထုတ်ထားဖို့ မမေ့ပါနဲ့။ ပြီးသွားရင် ခပ်ဖြေးဖြေးလေးလျှော်ပေးရုံပါပဲ။ ပိုပြီး ကောင်းတဲ့ အကျိုးကို ခံစားချင်တယ်ဆိုရင်တော့ ရေအေးနဲ့ လျှော်ဖို့ရယ် ပဝါ ၂ထည်လောက်နဲ့ ရောလျှော်လိုက်ပါ။
Ref ; brightside