Trend

ဆက်သွယ်သူတွေ များလွန်းတာကြောင့် သားမက်ရွေးပွဲကို ဖျက်သိမ်းလိုက်တဲ့ သူဌေး

ထိုင်းနိုင်ငံမှာရှိတဲ့ သူဌေးတဦးဟာ သူ့ရဲ့ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ သမီးဖြစ်သူနဲ့ လက်ထပ်မယ်ဆိုရင် ထိုင်းဘတ် ၁၀ မီလီယံ ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။ Arnon Rodthong လို့ အမည်ရတဲ့ သူဌေးဟာ ထိုင်းနိုင်ငံတောင်ပိုင်း Chumphon ခရိုင်မှာ နေထိုင်တဲ့ ဒူးရင်းခြံပိုင်ရှင် သူဌေးတဦးဖြစ်ပါတယ်။ ဒီလို ကြေညာရတဲ့ အကြောင်းရင်းကတော့ သူ့သမီးရဲ့ အနာဂတ်ကို ကိုယ်တိုင်ဖန်တီးချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ ကြေငြာချက်မှာ သူရဲ့ သမီးဖြစ်သူဟာ မိသားစုစီးပွားရေးကို ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အင်္ဂလိပ်စကား၊ တရုတ်စကားတို့ကို ပြောနိုင်တဲ့ အပြင် အပျိုစင်တယောက်ဖြစ်တယ်လို့ ထည့်သွင်းထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒေသအချို့မှာ အမျိုးသားတွေက တင်တောင်းရတဲ့ ဓလေ့ရှိနေဆဲဖြစ်ပေမယ့် ဒီသူဌေးကတော့ သူ့သမီးကို တင်တောင်းရမယ့် ပိုက်ဆံကို သူကိုယ်တိုင်ပဲ ပေး ပေးဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

Mr Rodthong က ခင်ပွန်းလောင်းဟာ ဘယ်လို ပညာတတ်ရမယ်၊ ဘာပွဲတွေ ရရမယ်လို့ မကန့်သတ်ထားပါဘူး။ အလုပ်ကြိုးစားပြီး “ကျနော့်သမီးကို ပျော်အောင်ထားဖို့နဲ့ အလုပ်ကြိုးစားဖို့ပဲ လိုပါတယ်”လို့ ပြောခဲ့ပါသေးတယ်။

အဲဒီသူဌေးရဲ့ ဒူးရင်းခြံဟာ နေ့စဉ်ပုံမှန် ဒူးရင်း တန် ၅၀ ခန့်ထွက်တယ်လို့ သိရပါတယ်။ Mr Rodthong ဟာ သူ့သမီးကို လက်ထပ်ဖို့ လူရှာနေကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့ပြီး သမီးဖြစ်သူကတော့ သူ့အဖေဟာ ရယ်စရာတခုအနေနဲ့ တင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူနဲ့ လက်ထပ်မယ့်သူ့ကို ထိုင်းဘတ် ၁၀ မီလီယံပေးမယ်ဆိုတဲ့ ကြေငြာချက်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့သွားပြီးတဲ့နောက် ဆက်သွယ်သူ ၁သောင်းခန့်ရှိလာတာကြောင့် အဲဒီသူဌေးက သမက်ရွေးပွဲကို မတ်လ ၅ ရက်နေ့ ညနေပိုင်းက ပြန်ပြီး ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။သားမက်ဖြစ်ချင်လို့ ဖုန်းဆက်လာသူတွေအပြင် လူမှုကွန်ရက်မှာပါ နေ့စဉ်ဆက်သွယ်လာသူတွေကြောင့် အလုပ်ပျက်ပြီး ပင်ပန်းရလို့ ဒီလို ပြန်လည်ပြောရတာဖြစ်တယ်လို့ အဲဒီ သူဌေးက ဆိုပါတယ်။

သမက်ရွေးမယ့်ပွဲကို ဖျက်သိမ်းလိုက်ပေမယ့် သူဌေးကြီးကတော့ သူ့သမီးစိတ်ကြိုက် လက်ထပ်မယ့် ဘယ်သူ့ကိုမဆို ထိုင်းဘတ် ၁၀ ဘီလီယံ ပေးဖို့ ရည်ရွယ်ထားဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Ref ; khaosod & dailymail

Loading