လူတွေရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်တွေဟာ ပြဿနာတွေကို ဖြေရှင်းရင်းပဲ ကုန်လွန်နေရပါတယ်။ အဲဒီပြဿနာတွေထဲမှာ အဓိကအကြောင်းအရာတွေကတော့ ပိုက်ဆံ ဘယ်လိုရှာမလဲ၊ ကျောင်းကောင်းကောင်း တက်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ ကိုယ်လုပ်နေတဲ့ အလုပ်တွေက ကိုယ့်ဘဝကို အထောက်အပံ့ပေးနိုင်ပါ့မလား၊ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို လုပ်နိုင်ဖို့အတွက် အချိန်မှ ရှိပါတော့မလား၊ ကိုယ့်ထုတ်ကုန်ကို ဈေးကွက်ထဲ ရောက်အောင် ဘယ်လိုလုပ်ရမလဲ၊ ကိုယ့်ရဲ့ ဘဝကဘာလဲ စတဲ့မေးခွန်းတွေပါပဲ။
တကယ်တော့ ဒီပြဿနာတွေအတွက် အဖြေတွေ ရှိပါတယ်။
ပိုက်ဆံက အဖြေတခုပါ။
အချိန်က အဖြေတခုပါ။
အောင်မြင်ခြင်းက အဖြေတခုပါ။
ဗျူဟာက အဖြေတခုပါ။
ဖြစ်ပျက်နေတဲ့ပြဿနာတွေကို စနစ်တကျမကိုင်တွယ်နိုင်သရွေ့ကတော့ ရှိသမျှအချိန်တွေဟာ အလဟဿ ကုန်ဆုံးသွားမှာပါ။ ဒါကြောင့်မို့ ဖြစ်ပျက်နေတဲ့ပြဿနာတွေကို စနစ်တကျကိုင်တွယ် ဖြေရှင်းနိုင်ပါမှ အဆုံးသတ်ပန်းတိုင်ကို ရောက်နိုင်ပါလိမ့်မယ်။
အဓိကပြဿနာကတော့ ကိုယ့်ပြဿနာက ဘာလဲ ဆိုတာ သေသေချာချ ာသိနိုင်ဖို့ပါ။ ကိုယ်ကြုံနေရတဲ့ ပြဿနာကို သေသေချာချာသိမှလည်း ဖြေရှင်းရကျိုး နပ်ပါလိမ့်မယ်။ ဒါဟာ ကမ္ဘာကြီးပေါ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ အကြောင်းပြချက်ကောင်းပါပဲ။
တကယ်တော့ မတရားတဲ့လူတွေဟာ ကမ္ဘာကြီးအတွက်တော့ ပြဿနာတရပ်ပါ။ ဒီပြဿနာဟာ လူမှုအဖွဲ့အစည်းရဲ့ ပြဿနာဖြစ်သလို ယဉ်ကျေးမှုဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ မတရားတဲ့လူ ဖြစ်လာရတဲ့ အကြောင်းတွေကတော့ မပြည့်စုံမှု၊ မှားယွင်းသော အတွေ့အကြုံပေါ် အခြေခံခဲ့မှု စတာတွေကြောင့်ပါပဲ။
ဒီပြဿနာတွေကိုတော့ California-Berkley တက္ကသိုလ်က ပါမောက္ခတွေဖြစ်တဲ့ Horst Rittel နဲ့ Melvin Webber တို့က အန္တရာယ်ဖြစ်စေနိုင်တဲ့ပြဿနာတွေလို့ ခေါ်ပါတယ်။ ဒါကြောင့်မို့လည်း လူ့အဖွဲ့အစည်းထဲ နေထိုင်တဲ့အခါ အန္တရာယ်ရှိတဲ့ လူတွေအဖြစ်နဲ့ မနေထိုင်မိဖို့ လိုအပ်ပါတယ်။
Ref : purposespeaks