ချမ်းသာပြီးသား မိသားစုတွေမှာ မွေးဖွားလာသူတွေဟာ ကမ္ဘာမှာ ကံအကောင်းဆုံးလူတွေပါပဲ။ သူတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကြွယ်ဝလာတာတွေကို အမွေဆက်ခံရင်း ပိုမို ချမ်းသာအောင် ပြုလုပ်နေကြပါတယ်။ အခုဖော်ပြပေးမယ့် သူတွေကတော့ မိသားစုအမွေပေးတာကို ခံရပြီး ကြွယ်ဝလာမယ့် သူတွေပဲ ဖြစ်ပါတယ်။
(၁) Lydia Hearst-Shaw (၁၀၀ မီလီယံ)
William Randolph Hearst ရဲ့ မြေးဖြစ်သူ Lydia Hearst-Shaw ကိုတော့ သူမမွေးတဲ့ နေ့ကစလို့ အမွေပေးခြင်း ခံရသူဖြစ်ပါတယ်။ အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ Lydia Hearst-Shaw ဟာ အောင်မြင်တဲ့ မော်ဒယ်တယောက် လည်းဖြစ်ပါတယ်။ သူမဟာ အမွေဘယ်လောက်ကို ရရှိမယ်လို့ အတိအကျ မသိရသေးပေမယ့် ပိုင်ဆိုင်မှုအားလုံးကို ရရှိဖို့ ရှိနေတာပါ။
(၂) Tori Spelling (၁ မီလီယံ)
မင်းသမီးတဦးဖြစ်တဲ့ Tori Spelling ရဲ့ ဖခင်က နာမည်ကြီး ရုပ်သံထုတ်လုပ်ရေးမှုးတယောက်ဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ Aaron Spelling ဟာ သူ့ရဲ့ သမီးအတွက် အမေရိကန်ဒေါ်လာ ၁ မီလီယံ ကို အမွေပေးခဲ့မှာ ဖြစ်ပါတယ်။
(၃) Peter Brant II (၅၀၀ မီလီယံ)
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ White Birch Paper ကို တည်ထောင်သူ ဖြစ်တဲ့ မိဘတွေက Peter Brant II ကို အမွေ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံ ပေးမှာဖြစ်ပါတယ်။ အဖေဖြစ်သူက သားသမီး ၅ ယောက် ရှိတာကြောင့် ဒီအမွေတွေကို ခွဲဝေသွားဖို့တော့ ရှိနေပါတယ်။
Ref; moneypop.com