ဂျာမနီနိုင်ငံမှာ နေထိုင်သူတွေဟာလည်း အခြားနိုင်ငံတွေကလူတွေလို ထူးမခြားနားပါပဲ။ ဒါပေမဲ့ သူတို့ဆီမှာ ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိနေတတ်ပါတယ်။ အခုဖော်ပြပေးမယ့် အရာကတော့ ဂျာမနီနိုင်ငံမှာသာ တွေ့နိုင်တဲ့ ထူးထူးခြားခြား အရာတွေပဲ ဖြစ်ပါတယ်။
(၁) ရုပ်ရှင်ရုံ
ဂျာမနီမှာ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံတွေမှာ တလစာ ငွေပေးချေထားလို့ ရပါတယ်။ ဒါပေမဲ့ တခုရှိတာက ရုပ်ရှင်ပြသချိန်က သာမန်မှာဆို ၁၂၀ မိနစ်လို့ သတ်မှတ်ထားတဲ့ အတွက် မိနစ် ၁၂၀ ထက်ပိုတဲ့ ဇာတ်ကားတွေအတွက် အပိုကြေး ပေးရပါတယ်။ ခုံတွေကို အတိမကျ မပြောဘဲ ရောင်းတာကြောင့် တကယ်လို့ သင်က နောက်ကျတယ်ဆိုရင် သိပ်မကောင်းတဲ့ နေရာမှာ ထိုင်ရဖို့ သေချာသွားပါပြီ။
(၂) ယုံကြည်မှု ရှိခြင်း
ဂျာမနီတွေဟာ တယောက်ကို တယောက် ယုံကြည်မှု ရှိကြပါတယ်။ သတင်းစာဆိုင်တွေဟာ နေရာတိုင်းနီးပါးမှာရှိပြီး အံဆွဲလေးကို ဖွင့်ပြီး သတင်းစာကို ယူလိုက်ရုံပါပဲ။ သင်ပိုက်ဆံပေးခဲ့လား မပေးခဲ့ဘူးလားဆိုတာကို စောင့်ကြည့်နေမယ့်သူ မရှိသလို စက်တွေကိုလည်း မထားထားပါဘူး။
(၃) လုံခြုံရေး
ဂျာမနီနိုင်ငံမှာ အမျိုးသမီးလုံခြုံရေး ဝန်ထမ်းတွေ အများကြီးရှိပြီး အရေးပေါ်အတွက် ဖုန်းလိုင်းတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ တခုခု အရေးကြုံတဲ့အခါ အဲဒီဖုန်းလိုင်းတွေမှာ ဘာသာစကား ၁၅ မျိုးနဲ့ အကူအညီ တောင်းနိုင်ပြီး အကူအညီတောင်းတဲ့ သူတွေအနေနဲ့ ဘာ ကျန်းမာရေး အာမခံမှ ရှိစရာ မလိုအပ်ဘူးလို့ ဆိုပါတယ်။
(၄) ခရစ်စမတ်သစ်ပင်
ဂျာမနီနိုင်ငံမှာ ခရစ်စမတ်သစ်ပင်ကို ဇန်နဝါရီလ ၁ ရက်နေ့မှာ အိမ်အပြင်ထုတ်လေ့ ရှိပါတယ်။ စည်ပင်က အဲဒီသစ်ပင်တွေကို ပြန်လည် အသုံးပြုဖို့ လာရောက် သယ်သွားလေ့ ရှိတယ်လို့ သိရပါတယ်။
(၅) အလုပ်ချိန်
ဂျာမနီနိုင်ငံမှာ ဝန်ထမ်းတွေဟာ အလုပ်ခွင်ကို စောစောလာလေ့ ရှိပါတယ်။ မနက် ၇ နာရီနဲ့ ၈ နာရီမှာ အလုပ်ကို ရောက်နေပြီ ဖြစ်ပြီး ညနေ ၄နာရီမှာ အလုပ်ဆင်းလေ့ ရှိကြပါတယ်။ ရုံးတွေ တော်တော်များများမှာ အင်္ဂလိပ်စကား ပြောလေ့ရှိတာကြောင့် ဘာသာစကား ဆက်သွယ်ရေးအရ စိတ်ပူစရာ မရှိပါဘူး။
Ref ; brightside