Trend

အလွယ်တကူ ဝယ်ပေးလို့ရတဲ့ ခေတ်လွန် လက်ဆောင်ပစ္စည်းများ

ဖုန်း၊ တက်ဘလက် ၊ VR (Virtual Reality) စတဲ့ ခေတ်မီ နည်းပညာတွေထက် ပိုပြီးအဆင့်မြင့်မားတဲ့ အသုံးအဆောင်ပစ္စည်း ပေါင်းများစွာဟာ နေ့တိုင်း နေ့တိုင်း မရိုးနိုင်အောင် ထွက်ရှိလာခဲ့ပါတယ်။

ချစ်ခင် တန်ဖိုးထား လေးစားရတဲ့ ဘယ်သူ့ကိုမဆို လက်ဆောင်ပေးဖို့ အစီအစဉ်ရှိပြီး ဘာပေးရမှန်း မသိတဲ့သူတွေအတွက်ကတော့ အခုဖော်ပြပေးမယ့် အသုံးအဆောင် ပစ္စည်းလေးတွေဟာ နှစ်ဦး နှစ်ဖက်စလုံးကို အမှတ်တရ ရှိစေမှာလည်း ဖြစ်ပါတယ်။

(၁) Ember လို့ခေါ်တဲ့ ခွက်လေးဟာ သာမန်အမြင်မှာတော့ ရိုးရိုးခွက်ဖြစ်ပေမယ့် သူ့ရဲ့ ထူးခြားချက်ကတော့ သောက်သုံးမယ့် အရည်ပေါ် မူတည်ပြီး အပူချိန်ကို လိုက်လံ ပြောင်းလဲပေးနိုင်တဲ့ ခွက်တခွက် ဖြစ်ပါတယ်။ ကျော်ကြားတဲ့ Blogger တွေရဲ့ Review အဖြစ် ခဏခဏ အညွှန်းဆိုခံရတဲ့အပြင် Ember ကို ထိန်းချုပ်ဖို့ Application တခုနဲ့ပါ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

(၂) Nokia Fit ဆိုတဲ့ ပစ္စည်းလေးကတော့ ဖုန်းပြောတဲ့ အခါ လက်တွေရော နားတွေကိုပါ အသုံးပြုစရာမလိုဘဲ အခုခေတ်လို လှုပ်ရှားရုန်းကန်နေရသူတွေအတွက် အထူးသင့်တော်တဲ့ ပစ္စည်းတခုလည်း ဖြစ်ပါတယ်။ လက်စွပ်ပုံစံ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး ကွဲပြားခြားနားတဲ့ လက်ချောင်းပုံသဏ္ဍာန်တွေအပေါ် မူတည်ပြီး ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ဘယ်သူမဆို အသုံးပြုနိုင်မှာလည်း ဖြစ်ပာတယ်။

(၃) အခုဖော်ပြပေးမယ့် ကီးဘုတ်ကတော့ တွေ့မြင်နေကျ ကီးဘုတ်တွေလို မဟုတ်ဘဲ ကီးဘုတ် ပုံစံကိုဖော်ဆောင်ထားတဲ့ လေဆာနည်းပညာသုံး ကီးဘုတ်ပဲ ဖြစ်ပါတယ်။ စက်ပစ္စည်းတခု အနေနဲ့ အလွန်ကိုသေးငယ်တာဖြစ်တဲ့အပြင် ဘယ်သွားသွား ယူဆောင်သွားနိုင်ပါတယ်။ တခါတလေမှာတော့ တင်ထားတဲ့ စားပွဲပေါ်မူတည်ပြီး အက္ခရာတွေနဲ့ သင်္ကေတတွေကို မြင်ရဖို့ ခက်ခဲတဲ့ အခါမျိုးမှာ အနည်းငယ် ချိန်ညှိမှုလုပ်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

 

(၄) Sommox ဟာ ဒတ်ချ်သိပ္ပံပညာရှင်တွေ တီထွင်ဖန်တီးထားတဲ့ စက်ရုပ်လေးတရုပ် ဖြစ်ပြီး အိပ်စက်နေချိန်မှာ ခေါင်းအုံး ဖက်အိပ်ရတာ ကြိုက်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ စက်ရုပ်လေး ဖြစ်ပါတယ်။ ဒီဇိုင်းကို ရေးဆွဲတဲ့အခါ အသားပေးတဲ့အချက်တွေကတော့ လျင်လျင်မြန်မြန်နဲ့ ကောင်းမွန်ပြည့်ဝစွာ အိပ်မောကျစေဖို့အပြင် နုံးချိခြင်းကို မဖြစ်ပေါ်စေဘဲ လွယ်လွယ်ကူကူ အိပ်ရာထတတ်စေဖို့ပဲ ဖြစ်ပါတယ်။

လူတယောက်ရဲ့ အသက်ရှုနှုန်းအလိုက် စက်ရုပ်မှာပါဝင်တဲ့ မီးအိမ်လေးဟာ အလင်းအမှိန်ပြနေမှာဖြစ်တဲ့အပြင် မနက်လင်းလာတဲ့အခါ မိမိကြိုက်နှစ်သက်တဲ့ ဂီတသံနှင့်အတူ နိုးထလာနိုင်အောင် ပရိုဂရမ်ရေးဆွဲထားတာလည်းဖြစ်ပါတယ်။

Ref: brightside.me

Loading