Trend

အိမ်မှာ ပြုလုပ်နိုင်တဲ့ အသားအရေ ထိန်းသိမ်းနည်းများ

Want create site? Find Free WordPress Themes and plugins.

အလှပြင်ဆိုင်ကို တကူးတကသွားပြီး အလှမပြင်နိုင်သူတွေ နဲ့ ငွေကြေး ကုန်ကျတာတွေ များမှာ ကြောက်သူတွေအတွက် အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ အိမ်မှာ ရှိပြီးသား ပစ္စည်းတွေနဲ့ ဘယ်မှမသွားဘဲ ပြုလုပ်လို့ ရတဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ချွေးပေါက်ကျဉ်းဖို့ အတွက်

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဒိန်ချဉ် (စားပွဲတင်ဇွန်း ၂ ဇွန်း)၊ ရွံ့စေး (စားပွဲတင်ဇွန်း ၁ ဇွန်း)၊ Allergic မရှိပါက ပျားရည် (စားပွဲတင်ဇွန်း ၁ဇွန်းခန့်) ပဲ ဖြစ်ပါတယ်။ အဲဒီ ၃ ခုကို ရောပြီး မျက်နှာမှာ လိမ်းပါ။ ၁၅-၂၀ မိနစ်ေလောက် ကြာတဲ့ အခါမှာ ရေအေးနဲ့ မျက်နှာသစ်လို့ရပါပြီ။ ဒိန်ချဉ်ဟာ ချွေးပေါက်ကျဉ်းစေခြင်းပြီး အမည်းစက်တွေကို ပျောက်စေပါတယ်။

(၂) အရေပြား ခြောက်သွေ့ခြင်း

ထောပတ်သီး အမှည့် (စားပွဲတင်ဇွန်း ၂ဇွန်း)၊ နွားနို့ (စားပွဲတင်ဇွန်း ၁ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း ၁ဇွန်း) ကို ရောပြီး မွှေပါ။ မျက်နှာမှာ ၁၅-၂၀ မိနစ်ခန့် လိမ်းပြီးရင် ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ဖို့ လိုပါတယ်။ ထောပတ်သီးဟာ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

(၃) မျက်ကွင်းညိုခြင်း

ကော်ဖီမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်း)၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်) နဲ့ အုန်းဆီ (စားပွဲတင်ဇွန်း ၁ ဇွန်းမှ ၄ဇွန်း အထိ) ကို ရောပြီး မျက်စိအောက်ကို လိမ်းနိုင်ပါတယ်။ ၁၀ မိနစ်လောက် ထားပြီးတဲ့နောက် ရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။

(၄) အရေးကြောင်းမှာ ပေါ်ခြင်း

လိုအပ်တဲ့ ပစ္စည်းကတော့ ခရမ်းချဉ်သီး အမှည့် တလုံးပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီး အမှည့်ကို မျက်နှာအနှံ့ သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ထားပါ။ မျက်နှာကို ရေနွေးနဲ့ ပက်ဖြန်းပြီး သစ်လိုက်ပါ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ပစ္စည်းတွေကြောင့် အရေပြားကို ပင့်တင်ပေးသလို ဖြစ်စေပါတယ်။

Ref ; lifehack

Did you find apk for android? You can find new Free Android Games and apps.
Loading